အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်၏ဇနီး နန်စီရေဂင် ကွယ်လွန်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်း ရုပ်ရှင်မင်းသားကြီး ရော်နယ်ရေဂင်ရဲ့ ဇနီးဖြစ်တဲ့  အသက် ၉၄ နှစ်အရွယ် နန်စီ ရေဂင်ဟာ မတ် ၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ နန်စီ ရေဂင်ဟာ သူ့ခင်ပွန်း သမ္မတအဖြစ် တာဝန်ယူတဲ့ ၁၉၈၁ ကနေ ၁၉၈၉ ခုနှစ် ကာလတွေမှာ  သြဇာကြီးတဲ့ သမ္မတကတော်တယောက် ဖြစ်ခဲ့ပါတယ်။ နန်စီဟာ နောင်အခါ သူ့ခင်ပွန်းဖြစ်လာမယ့် မစ္စတာ ရေဂင်လိုပဲ ဟော်လိဝုဒ် သရုပ်ဆောင်ဖြစ်ပြီး ၁၉၅၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အဲဒီနောက် ၁၉၆၇ ကနေ ၁၉၇၅ အထိ မစ္စတာ ရေဂင် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဘ၀၊ ၁၉၈၀ မှာ ရေဂင်က ဂျင်မီကာတာကို အနိုင်ရယူပြီး အိမ်ဖြူတော်ရောက်တဲ့နှစ်တွေအထိ ရှေ့သွားနောက်လိုက်ညီတဲ့ ဇနီးသည်တယောက် ဖြစ်ခဲ့ပါတယ်။ အိမ်ဖြူတော်ရောက်ပြီးနောက် သမ္မတကတော်ဘ၀မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ သူဟာ သမ္မတ ရေဂင်ရဲ့ ဇနီးလည်းဟုတ်၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်လည်း ဟုတ်၊ အကြံပေးလည်း ဟုတ်တာကြောင့် အမေရိကန်သမိုင်းမှာ သမ္မတ ဖရန့်ကလင် ရုစဗဲ့ကတော် အဲလန်နာ (Eleanor)၊ သမ္မတ ၀ီဒရို ၀ီလဆင်ရဲ့ ကတော် အီဒါသ် (Edith) လို၊ သမ္မတ ဘီလ်ကလင်တန်ရဲ့ ကတော် ဟီလာရီ (Hillary) လိုမျိုး ထက်မြတ်တဲ့ ကတော်တယောက်အဖြစ် သတ်မှတ်ခံရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up