မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင် ထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံနေရဟု ရှေ့နေ ပြော

၂၀၁၆ ခုနှစ် ဇန်န၀ါရီလက ဒုတိယအကြိမ် ပြန်ပြီးအဖမ်းခံခဲ့ရတဲ့ မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင် အဲ ချာပိုး ဂူးဇ်မန်(El Chapo Guzman)ဟာ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံ နေရတယ်လို့ ဂူးဇ်မန်ရဲ့ ရှေ့နေကပြောဆိုပါတယ်။ မူးယစ်ဂိုဏ်းခေါင်းဆောင် ဂူးဇ်မန်ကို ဒုတိယအကြိမ် ဖမ်းဆီးရမိလို့ မက္ကဆီကိုနိုင်ငံရဲ့ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တခုမှာ ဖမ်းဆီးထားတာ ထောင်ဖောက်ပြေးပြီး ၆ လကြာမှာ ပြန်ပြီး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ အခုလည်း မက္ကဆီကို လုံခြုံရေးအဆင့်မြင့်အကျဉ်းထောင်တခုမှာ သူကို တိုက်ပိတ်ထားပြီး အိပ်ခွင့်လည်း မပေးတဲ့အတွက် သူရဲ့ စိတ်ကျန်းမာရေးနဲ့ လူကျန်းမာရေး အခြေအနေကို စိုးရိမ်တယ်လို့ ဂူဇ့်မန်းရဲ့ ရှေ့နေက သတင်းထောက်တွေကို ပြောဆိုပါတယ်။ ရှေ့နေကိုယ်တိုင်လည်း ဂူ့းဇ်မန်နဲ့ စကားပြောဆိုခွင့်ရခဲ့ပြီး သူကို ထောင်အာဏာပိုင်တွေက လုံးဝအခန်းဖြူထဲမှာ တိုက်ပိတ်ထားတဲ့အတွက် ဇွန်ဘီ Zombie တကောင်လို ဖြစ်တော့မယ်လို့ ဂူးဇ်မန်ကပြောဆိုတယ်လို့ ရှေ့နေက ပြောဆိုပါတယ်။ ဂူးဇ်မန် ဟာ လုံခြုံရေးအဆင့်မြင့်ပါတယ်ဆိုတဲ့ မက္ကဆီကိုအကျဉ်းထောင်တွေကနေ ၂ ကြိမ်တိုင်တိုင် ထွက်ပြေးလွတ်မြောက်ခဲ့ဖူးတဲ့အတွက် အခုတခါလည်း ထောင်ဖောက်ပြေးမှာ မက္ကဆီကို ထောင်အာဏာပိုင်တွေက စိုးရိမ်နေကြပြီး အမေရိကန်က တောင်းဆိုထားတဲ့အတိုင်း အမြန်ဆုံး လွှဲပြောင်းပေးချင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up