ရေတပ်အရာရှိများ ကျောင်းဆင်းပွဲတွင် ဘရူနိုမားစ်သီချင်းဖြင့် သရုပ်ဖော်ကပြ (ရုပ်သံ)

ဒါဟာ သမားရိုးကျ ရေကြောင်းစစ်ချီမှု အခမ်းအနားတခု မဟုတ်ပါဘူး။ နော်ဝေနိုင်ငံမှာ တော်ဝင်ရေကြောင်း စစ်ရေးလေ့ကျင့်မှု သင်တန်းကျောင်းဆင်းပွဲ ကျင်းပခဲ့ချိန်မှာ ရေတပ်အရာရှိတွေဟာ ထူးထူးခြားခြား တခုခု လုပ်ချင်ခဲ့ကြပါတယ်။ သူတို့ဟာ ဘရူနိုမားစ်နဲ့ မာ့ခ်ရော်ဆင် သီဆိုထားတဲ့ Uptown Funk သီချင်းနဲ့အတူ သရုပ်ဖော် ကပြခဲ့ကြတာပါ။ နော်ဝေနိုင်ငံ၊ စတက်ဗဲန်ဂါမြို့၊ သင်တန်းကျောင်းမှာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပအပြီးမှာ ဒါဇင်နဲ့ချီတဲ့ ကျောင်းဆင်းရေတပ်အရာရှိတွေက ရုတ်တရက် စတင် ကပြခဲ့ကြတာပါ။ ကျောင်းအုပ်ချုပ်ရေး အကြီးအကဲတွေက သင်တန်းသား အရာရှိတွေရဲ့ ဒီအစီအစဉ်ကို ကြိုတင်သိရှိထားခြင်းရှိမရှိ မသိရပေမယ့် ခုလို သရုပ်ဖော် ကပြတာကို တားမြစ်ခဲ့တာ မရှိခဲ့ဘူးလို့ ဟပ်ဖင်တန်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီ ၄ မိနစ်စာ  သရုပ်ဖော်ကပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ချိန်မှာတော့ သမားရိုးကျ စည်းမျဉ်းတွေကို ချိုးဖျက်ပြီး ခုလို ကပြခဲ့မှုအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up