အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ် မြောက်ကိုရီးယား ရှုတ်ချ

ဓာတ်ပုံ - အေအက်ဖ်ပီ
ဒီနေ့ မတ် ၇ ရက်နေ့မှာ စတင်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယားက ရှုတ်ချလိုက်ပါတယ်။ နှစ်စဉ် ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားတပ်သား ၃ သိန်းနဲ့ အမေရိကန်တပ်သား ၁ သောင်းခွဲ ပါဝင်မယ်လို့ တောင်ကိုရီးယား သတင်းဌာနဖြစ်တဲ့ ယုံဟပ်သတင်းက ဆိုပါတယ်။ ဒီလို စစ်ရေးလေ့ကျင့်မှုမျိုး လုပ်တိုင်းမှာ မြောက်ကိုရီးယားဘက်ကလည်း သူ့နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ စစ်ရေးပြင်ဆင်မှုအဖြစ် ရှုတ်ချလေ့ရှိပါတယ်။ မတ်လ ၆ ရက်နေ့မှာ မြောက်ကိုရီးယားရုပ်သံ ကေအာတီ သတင်းမှာ  လက်တုံ့ပြန်သွားမယ့်အကြောင်း ခြိမ်းခြောက်ထားတဲ့ ကြေညာချက်ကို ဖတ်ပြသွားပါတယ်။ အမေရိကန်မြေပေါ်ကို လှမ်းပစ်နိုင်တဲ့ ခေတ်မီလက်နက်နဲ့ နည်းပညာတွေ  မြောက်ကိုရီးယားမှာ ရှိနေပြီလို့ ဆိုပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်လာခဲ့ရင် အမေရိကန်ရဲ့တာဝန်ပဲလို့လည်း သတင်းဖတ်ကြားသူက ဆိုပါတယ်။ မတ်လ ၄ ရက်နေ့ကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သူ့တပ်ကို နျူကလီးယားလက်နက် အချိန်မရွေး အသုံးပြုနိုင်အောင် ပြင်ဆင်ထားဖို့ အမိန့်ပေးထားတဲ့အကြောင်း ကေအာတီက ထုတ်လွှင့်ခဲ့ပါသေးတယ်။ အခု တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ဧပြီ ၃၀ ရက်နေ့အထိ စီစဉ်ထားတယ်လို့ ယုံဟပ်သတင်းက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up