ကသာခရိုင်တွင် ချားရဟတ်အဖွဲ့ပစ္စည်းများ တင်ဆောင်လာသည့်ကား တိမ်းမှောက် (သတင်းဓာတ်ပုံ)
DVB
·
March 7, 2016
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်ရေတွင်းရွာနဲ့ မဲဇာရွာကြားက မဲဇာချောင်းကူး တံတားပေါ်ကနေ မတ်လ ၆ ရက်နေ့က ချားရဟတ်အဖွဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။
စိုးမိုးအောင်(ချားရဟတ်)အဖွဲ့က ပစ္စည်းတွေကို တင်ဆောင်ပြီး ဝန်းသို၊ နန်းခမ်း၊ မဲဇာကားလမ်းအတိုင်း မောင်းလာတဲ့ UD Nissan Condor ခြောက်ဘီး အဖြူရောင်ယာဉ်ဟာ မဲဇာယာယီကားကူးတံတားကို ဖြတ်မောင်းနေရာက တံတားအလယ် အရောက်မှာ တံတားကျိုးကျပြီး မဲဇာချောင်းအတွင်းကို ပြုတ်ကျသွားခဲ့တာပါ။
လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာမရပေမယ့် ယာဉ်မောင်းကိုတော့ အင်းတော်မြို့မ ရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့ ဒေသခံသတင်းထောက်က ပြောပါတယ်။
သတင်းဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)