တယောက်လျော့ လီဗာပူး ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မတ် ၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက တယောက်လျော့နဲ့ ယှဉ်ပြိုင်ရပြီး ခရစ္စတယ်ပဲလေ့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ခရစ္စတယ်ပဲလေ့စ်က အိမ်ကွင်း ပရိသတ်တွေရှေ့မှာ လီဗာပူးကို ခြေရည်တူ လိုက်ကစားနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အတွက် ဦးဆောင်ဂိုးကို ၄၈ မိနစ်မှာ လတ်ဒလေက သွင်းယူပါတယ်။ ဒုတိယပိုင်း ၆၂ မိနစ်မှာ လီဗာပူး ကွင်းလယ်ကစားသမား မီလ်နာ ကစားတာကြမ်းလို့ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရတာပါ။ အဲဒီနောက်ပိုင်းမှာ လီဗာပူး ကစားပုံ ပိုကောင်းလာပြီး ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီးယူနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ချေပဂိုးကို ၇၂ မိနစ်မှာ ဖာမီနိုက သွင်းယူပါတယ်။ ပဲလေ့စ်ဟာ ၂၀၁၆ ခုနှစ် အစပိုင်းထဲမှာ နိုင်ပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးကို ပုံမှန်ပွဲကစားချိန်ပြီးလို့ နာကျင်အချိန်ပိုမှာ ပင်နယ်တီကတဆင့် တိုက်စစ်မှူး ဘန်တီကီက သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ လီဗာပူးဟာ ၄၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၇ မှာ ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်က ၃၃ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up