ကမ္ဘာ့အရပ်အမြင့်ဆုံး မြင်း (ရုပ်သံ)

ဘယ်လ်ဂျီယမ်နိုင်ငံက ဘစ်ဂ်ဂျိတ်ခ်ဟာ တကယ့်ကို အံ့သြစရာ ကမ္ဘာ့အရပ် အမြင့်ဆုံးမြင်းတကောင်ပါ။ အသက် ၁၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘစ်ဂ်ဂျိတ်ခ်ဟာ ဂီးနက်စ်ကမ္ဘာ့မှတ်တမ်း စာအုပ်ထဲမှာ ရှင်သန်နေဆဲ ကမ္ဘာ့အရပ်အမြင့်ဆုံးမြင်းတကောင်အဖြစ် ၂၀၁၃ ခုနှစ်မှာ မှတ်တမ်းတင်ခံခဲ့ရတာလို့ စတပ်ဖ်သတင်းမှာ မတ်လ ၅ ရက်နေ့က ဖော်ပြပါတယ်။ သူဟာ ရပ်နေလိုက်ရင် အရပ် ၆ ပေနဲ့ ၁၀ ဒဿမ ၇၅ လက်မအမြင့်ရှိကာ ကိုယ် အလေးချိန်ပေါင် ၂၆၀၀ ရှိနေတာပါ။ အုတ်ဂျုံနဲ့ ဗီတာမင်တွေအများကြီးစားလေ့ရှိတဲ့ ဘစ်ဂ်ဂျိတ်ခ်ဟာ မွေးတည်းက အရွယ်အစားကြီးကြီးမားမားမွေးဖွားလာတယ်လို့ သခင်ဖြစ်သူ ဂျယ်ရီဂီးလ်ဘာ့တ်က ပြောပါတယ်။ သာမန်အားဖြင့် မြင်းတကောင်ဟာ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ပေါင် ၅၀ လောက်သာရှိပေမယ့် ဘစ်ဂ်ဂျိတ်ခ်ကတော့ မွေးဖွားစမှာတည်းက ပေါင် ၂၄၀ ရှိနေခဲ့ တာပါ။ “ကျနော်တို့ ဂျိတ်ခ်ကို ကျန်းမာသန်စွမ်းတဲ့ နေထိုင်မှုပုံစုံအတိုင်းပဲ မြင်ချင်ပါ တယ်။ ဒါဟာ ကျနော်တို့အတွက် အရေးအကြီးဆုံးပါ”လို့ ဂီးလ်ဘာ့တ်က ပြောပါတယ်။ ဘစ်ခ်ဂျိတ်ခ်ဟာ တနေ့ကို မြက်ခြောက်တစည်းခွဲနဲ့ ကွတ် ၄၀ အလေးချိန်ရှိ အုတ် ဂျုံတွေကို စားနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up