အများအကျိုးအတွက်ဆိုရင် မည်သူ၊ မည်သည့်အဖွဲ့နှင့်မဆို တွေ့ဆုံမည်
ရွှေအောင်
·
August 7, 2011
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောဆိုကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ်မှာ အဖွဲ့ချုပ်ပြောခွင့်ရ ဦးဥာဏ်ဝင်းက ဒီနေ့အထိ တရားဝင် ဖိတ်ကြားတာ မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
[caption id="attachment_13833" align="alignright" width="232" caption="အဖွဲ့ချုပ်ပြောခွင့်ရ ဦးဥာဏ်ဝင်း"][/caption]
“ကမ်းလှမ်းတာလည်း မရှိသေးပါဘူး။ ဆက်သွယ်မှုလည်း မရသေးပါဘူး။ ဒါပေမယ့် သူပြောတာက ရည်ရွယ်ချက်နဲ့ တွေ့ဆုံဖို့ ရှိတယ် ဆိုတာမျိုး သဘောလောက် ပြောတာနဲ့ တူပါတယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်အတွင်း နေပြည်တော်မှာ လုပ်မယ့် စီးပွားရေးဖိုရမ်တခုကို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အခုတခါ ကြံ့ခိုင်ရေးပါတီက တွေ့မယ်ဆိုတဲ့သတင်း ထပ်မံထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒီလို သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်ကို ဦးဥာဏ်ဝင်းက အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ ဒီနှစ်ခုကို မတူဘူးလို့ မြင်တယ်။ စီးပွားရေးဖိုရမ်ကတော့ သက်ဆိုင်ရာ ပညာရှင်နဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ဖိတ်ရတဲ့ ကိစ္စမျိုးလို့ ကျနော်နားလည်တယ်။ နိုင်ငံရေးပါတီအနေနဲ့ကတော့ ကျနော်တို့ အန်အယ်လ်ဒီရော၊ ဒေါ်အောင်ဆန်းစုကြည်ရော အပါအ၀င်က နိုင်ငံရေးပါတီအားလုံးနဲ့ ထိတွေ့ ဆက်ဆံမှုကို လုပ်မယ်လို့ ကျနော်တို့ အစကတည်းက ပြောထားတယ်။ ကျနော်တို့ဘက်က ရပ်တည်ချက်နဲ့ အဲဒီ နှစ်ခုကို ယှဉ်ပြီး ပြောပြချင်တာပါ။”
အကယ်၍ ကြံ့ခိုင်ရေးပါတီအနေနဲ့ တရားဝင်ဖိတ်ကြားမယ် ဆိုရင်တော့ အများ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် မည်သူနဲ့မဆို မည်သည့် အဖွဲ့အစည်းနဲ့ မဆို တွေ့ဆုံမယ်လို့လည်း ပြောဆိုသွားပါတယ်။