ပြည်ကြီးတံခွန်မြို့နယ်တွင် မူးယစ်ဆေး ကျပ် ဘီလီယံ ၃၀ ကျော်ဖိုး ဖမ်းမိ
DVB
·
March 6, 2016
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ စိတ်ကြွဆေး၊ အိုက်စ်၊ ဘိန်းဖြူ၊ ဘိန်းစိမ်း စတဲ့ ကာလတန်ဖိုး ကျပ်ငွေ ဘီလီယံ ၃၀ ကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် ၆၁ လမ်း နဲ့ ၆၂ လမ်း ကြား၊ စံပြလမ်း နဲ့ မင်္ဂလာလမ်းကြား၊ ခြံဝင်းတစ်ခုမှာ မတ်လ ၅ ရက်နေ့က ကွန်တိန်နာ ကားအပြည့်နဲ့ သယ်ဆောင်လာတာကို ဖမ်းဆီးရမိပါတယ်။
ပမာဏများပြာလွန်းတဲ့အတွက် အရေအတွက် အတိအကျကို တရားဝင်မထုတ်ပြန်သေးပေမယ့် ကျပ်ငွေ ၃၀ ဘီလီယံကျော်လောက် ကာလတန်ဖိုးရှိနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး မူးယစ်တပ်ဖွဲ့ရုံးကတဆင့် သိရပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး လူ ၃ ဦးကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ဓာတ်ပုံ - အောင်အောင်နိုင်