Sunday, May 28, 2023
HomeLead Storyပဲခူးတိုင်း မြို့ချောင်းကျေးရွာ မီးလောင် (ရုပ်သံ)

ပဲခူးတိုင်း မြို့ချောင်းကျေးရွာ မီးလောင် (ရုပ်သံ)


ပဲခူးတိုင်း ဖဒိုမြို့ မြို့ချောင်းကျေးရွာမှာ နေအိမ်တလုံးကနေ မီးစတင်လောင်ကျွမ်းခဲ့လို့ အိမ်ခြေ ၂၀ ကျော် မီးထဲ ပါသွားတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်ခံ ပြောပါတယ်။

ဒီနေ့ မနက် ၁၁ နာရီကျောက်လောက်က စတင်လောင်ကျွမ်းတာဖြစ်ပြီး ဖဒိုမြို့ မီးသတ်ကားသုံးစီးနှင့် ပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီခွဲမှာ မီးညွန့်ကျိုးသွားတယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ ညောင်လေးပင်၊ ကျောက်တံခါးနဲ့ ပဲနွယ်ကုန်းမြို့တွေက မီးသတ်ကားတွေပါ ရောက်ရှိလာပြီး မီးငြိမ်းသတ်နိုင်ခဲ့ကြပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ပိုင်ရှင်ကိုလည်း တာဝန်ရှိသူတွေက ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀ ကျော်ပါသွားပြီး ပျက်စီးဆုံးရှုံးမှု စာရင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မြို့ချောင်းကျေးရွာမှာ ၂၀၁၄ ခုနှစ်တုန်းကလည်း မီးလောင်ကျွမ်းမှု တကြိမ်ဖြစ်ပွားခဲ့ဖူးပြီး အခုလောင်ကျွမ်းမှုကတော့ ပိုများတယ်လို့ သိရပါတယ်။

သတင်းရုပ်သံ – ဗိုလ်သူရိန်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular