ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် မဲလိမ်တာ မရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ် (ဒီအက်ဖ်ဘီ)က အစီရင်ခံစာက ပြောပါတယ်။
ကမာ့္ဘဖလား ကျင်းပခွင့်ရဖို့ အတွက် ၂၀၀၅ ခုနှစ်က ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကို ပေါင် ၄.၆ သန်း ဒီအက်ဖ်ဘီက ပေးတယ်လို့ ဂျာမနီ မဂ္ဂဇင်းတစောင်က စွပ်စွဲခဲ့ပြီး စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ထောက်ပံ့ကူညီထားတဲ့ အဲဒီးဒက် အကြီးအကဲဟောင်း ချေးထားတဲ့ငွေကို ပြန်ပေးတာ ဖြစ်တယ်လို့ ဒီအက်ဖ်ဘီက ပြောပေမယ့် အဲဒီးဒက်ကတော့ ဒါကို သတိမထားမိဘူးလို့ ဆိုပါတယ်။
ငွေပေးမှုကို ပြုလုပ်ခဲ့ပေမယ့် အားကစားပြိုင်ပွဲကျင်းပဖို့ အတွက် ပေးခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အစီရင်ခံစာကို သေချာလေ့လာပြီး ဖီဖာရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ ဖီဖာက ပြောပါတယ်။
ဖီဖာအဖွဲ့ဝင်တွေဟာလည်း အကျင့်ပျက်ခြစားမှုတွေနဲ့ စွပ်စွဲခံထားရသလို တချို့ အမှုဆောင် အရာရှိတွေကတော့ တရား ရင်ဆိုင်နေရပါတယ်။