အမေရိကန်တွင် ဓာတ်ဆီဖြည့်စက်ကို ကားဝင်တိုက် မီးလောင် (ရုပ်သံ)

2.1K
အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်က စနိုဟိုဗစ် စီရင်စုမှာ ကားတစီးက ဓာတ်ဆီထည့်တဲ့နေရာကို ၀င်တိုက်ခဲ့ပြီး မီးလောင်သွားပါတယ်။
အသက် ၃၁ နှစ် ကားဆရာက အိမ်ငိုက်နေပြီး ကားကို လမ်းပြောင်းပြန်မောင်းကာ ဓာတ်ဆီဖြည့်တဲ့ စက်ကို ၀င်တိုက်လိုက်တာလို့ ဓာတ်ဆီဆိုင်ပိုင်ရှင်က ပြောပါတယ်။
ဓာတ်ဆီဖြည့်တဲ့ စက်က လဲပြိုသွားပြီး မီးလောင်ခဲ့သလို ကားဆရာကလည်း ကားထဲကနေ အလျင်အမြန်ထွက်သွားနိုင်တယ်လို့ ဆိုပါတယ်။
တဦးတယောက်မှ နာကျင်ထိခိုက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ကားမောင်းသမားက မူးယစ်ဆေးဝါး တစုံတရာ သုံးစွဲထားခြင်းမရှိသလို မတော်တဆ ဖြစ်ရပ်အတွက် တရားစွဲဆိုထားခြင်း မရှိပါဘူး။
မီးလောင်ပြီး မိနစ်အနည်းငယ်မှာပဲ မီးသတ်ကားတွေ ရောက်လာသလို ဓာတ်ဆီဆိုင်ကို ပြန်ဖွင့်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို စောင့်ကြည့် ကင်မရာက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။