Home
ဆောင်းပါး
နိုင်​ငံ​တော်​သ​မ္မ​တ ​လွှဲပြောင်း​ခြင်း​ဆိုင်​ရာ​ ဥ​ပ​ဒေ
DVB
·
March 5, 2016
မြန်​မာ​နိုင်​ငံ​၌ ၁၉၉၀ ​ပြည့်​နှစ်​ပါ​တီ​စုံ​ဒီ​မို​က​ရေ​စီ ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​ကျင်း​ပ​ခဲ့​ပြီး ​အ​နိုင်​ရ​ရှိ​ခဲ့​သော ​အန်အယ်လ်ဒီပါ​တီ​ကို ​စစ်​အ​စိုး​ရ​က ​လွှတ်တော်​ခေါ်​ယူ​ကျင်း​ပ​ခြင်း၊ ​အ​စိုး​ရ​သစ် ​ဖွဲ့​စည်း​စေ ​၍ ​အာ​ဏာ​လွှဲ​ပြောင်း​ပေး​ခြင်း​မ​ပြု​လုပ်​ခဲ့​ပါ။ ၂၀၁၀ ​ရွေး​ကောက်​ပွဲ​၌ ​အန်အယ်လ်ဒီ​ပါ​တီ​က ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​၌ ​ဝင်​ရောက်​ယှဉ်​ပြိုင်​ခြင်း ​မ​ပြု​ခဲ့​သ​ဖြင့် ​ကြံ့ခိုင်​ဖွံ့​ဖြိုး​ရေး​ပါ​တီ​က​အ​များ​စု​အ​နိုင်​ရ​ရှိ​ခဲ့​ပြီး ​အ​စိုး​ရ​အ​သစ်​ဖွဲ့​ခဲ့​ပါ​သည်။ ​အ​သွင်​သ​ဏ္ဌာန်​အား​ဖြင့်​သာ ​အ​စိုး​ရ​ဖွဲ့​စည်း​၍ ​အာ​ဏာ​လွှဲသည်​ဟု​ဆို​သော်​လည်း ​အ​နှစ်​သာ​ရ​အား​ဖြင့် ​လက်​ရှိ​စစ်​ဗိုလ်​ချုပ်​ကြီး​များ​နှင့် ​စစ်​ဗိုလ်​ချုပ်​ဟောင်း​များ​က​သာ ​အာ​ဏာ​ချုပ်​ကိုင်​ထား​သော ​အ​စိုး​ရ ​ဖြစ်​ခဲ့​ပါ​သည်။ ၂၀၁၅​ ခု​နှစ် ​ပါ​တီ​စုံ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​၌ ​အန်အယ်လ်ဒီပါ​တီ​သည် ​ရာ​ခိုင်​နှုန်း ၈၀ ​အ​နိုင်​ရ​ရှိ​ခဲ့​ပါ​သည်။ အန်အယ်လ်ဒီပါ​တီ​က ​အ​စိုး​ရ​အ​ဖွဲ့​သစ်​နှင့် ​သ​မ္မ​တ​သစ်​ရွေး​ခွင့်​ရှိ​နေ​ပါ​သည်။ ​သ​မ္မ​တ​နှင့်​အုပ်​ချုပ်​ရေး​အာ​ဏာ​ရပ်​များ​ကို ​လွှဲပြောင်း​ပေး​မည်​ဟု​ လက်​ရှိ​အ​စိုး​ရ​က ​တ​ရား​ဝင်​ကြေ​ညာ​ခဲ့​သည်။ ​နှစ်​ဘက် ​အာ​ဏာ​လွှဲ​ပြောင်း​ရေး​လုပ်​ငန်း​အ​ဖွဲ့​များ​လည်း ​ဖွဲ့​စည်း​၍ ​ညှိနှိုင်း​မှု​များ ​စ​တင်​ပြု​လုပ်​နေ ​ပြီ​ဖြစ်​ပါ ​သည်။ ​ပြည်​သူ​အ​များ​ဝမ်း​မြောက်​ကြ​ရ​ပါ​သည်။ ​ဒီ​မို​က​ရေ​စီ​နိုင်​ငံ​ကြီး​များ​၌ ​ဒီ​မို​က​ရေ​စီ​နည်း​ကျ ​ရွေး​ကောက်​ပွဲ​များ​ကျင်း​ပ​ပြီး ​အ​သစ် အ​ဟောင်း ​အာ​ဏာ​လွှဲ​ပြောင်း​ပေး​မှု​များ​ကို ​ဥ​ပ​ဒေ​လုပ်​ထုံး​လုပ်​နည်း​များ ​ပြ​ဋ္ဌာန်း​၍ ​ပြု​လုပ်​ကြ​ပါ​သည်။ ​တိ​ကျ​သော ​လွှဲ​ပြောင်း​မှု​လုပ်​ထုံး​လုပ်​နည်း​များ​မ​ရှိ​ပါ​က ​အာ​ဏာ​လွှဲ​ပြောင်း​မှု​သည် ​နိုင်​ငံ​စည်း ​လုံး​ညီ​ညွ​တ်မှု​ပြို​ကွဲ​၍ ​ပြည်​တွင်း​စစ်​မီး​ဟုန်း​ဟုန်း​တောက်​သည်​အ​ထိ​ဖြစ်​စေ​နိုင်​ပါ​သည်။ ​အ​မေ​ရိ​ကန် ​နိုင်​ငံ​၏ ​သ​မိုင်း​၌ ​အာ​ဏာ​လွှဲပြောင်း​ရေး​၌ ​မ​ချော​မွေ့​မှု​များ ​ပြည်​တွင်း​စစ်​မီး​တောက်လော​င် ​သည်​အ​ထိ ​ဖြစ်​ရပ်​များ​ပေါ်​ပေါက်​ခဲ့ ပါ​သည်။ ​ဒီ​မို​က​ရေ​စီ​နိုင်​ငံ​ကြီး​ဖြစ်​သော ​အ​မေ​ရိ​ကန်​နိုင်​ငံ​တွင် ၁၇၉၆​ခု​နှစ် ​ပ​ထ​မ​ဆုံး​သ​မ္မ​တ​ဖြစ်​သော George Washington ​က ၁၇၉၇ ​ခု​နှစ် ​မတ်​လ​တွင် ​သ​မ္မ​တ​သစ် John Adams ကို ​အာ​ဏာ​လွှဲ ​ပြောင်း​ပေး​ခဲ့​သည်​မှ​အ​စ ​ယ​နေ့​သ​မ္မ​တ Barek Obama ​အ​ထိ ​သ​မ္မ​တ​ပေါင်း (၃၅)​ဦး​သည် ၁၇၉၆​မှ ၂၀၀၉​ခု​နှစ် ​လက်​ရှိ​သ​မ္မ​တ​အ​ထိ ​နှစ်​ပေါင်း (၂၀၀)​ ကျော်​အ​ဆက်​ဆက်​အာ​ဏာ​လွှဲေ​ပြောင်း ​ပေး​ခဲ့​ပါ​သည်။ ​အာ​ဏာ​လွှဲေ​ပြောင်း​ရေး​၌ ၁၈၆၀-၁၈၆၁ James Buchanan ​က​ Abrham Lincon ​သို့​ လွှဲပြောင်း ရေး​ကိ​စ္စ​သည် ​မ​ချော​မွေ့​ခဲ့​ပါ။ ရွေး​ကောက်​ပွဲ ​ပြည်​နယ် (၇) ​ခု​သာ ​လွှဲပြောင်း ​ရ​ယူ​ခဲ့​ပြီး ​ကျန်​ပြည်​နယ်​များ​၌ ​ပ​ဋိ​ပက္ခ​များ​ဖြစ်​ပေါ်​ခဲ့​သည်။ ​အ​မေ​ရိ​ကန်​တောင်​ပိုင်း​မြောက်​ပိုင်း​ ပြည် ​တွင်း​စစ်​ မီး​တောက်​လောင် သည်​အ​ထိ ​ပို့​ဆောင်​ခဲ့​သည်။ ​ထို့​ပြင်၁၉၃၂-၁၉၃၃ ​သ​မ္မ​တ Herbert Hoover က Franklin D.Roosevelt ​အား​အာ​ဏာ​လွှဲပြောင်း​ရေး​တွင်​လည်း ​အ​စဉ်​မ​ချော​မွေ့​ခဲ့​ပါ။ ​သ​မ္မ​တ​အာ​ဏာ​လွှဲပြောင်း​ရေး​တွင် ​သ​မ​ကဲ့​ရဲ့ရှုတ်​ချ​ပြော​ဆို​မှု​များ ​ခံ​ခဲ့​ရ​ပါ​သည်။ ​သို့​ဖြစ်​၍ ​အ​မေ​ရိ​ကန်​၌ ၁၉၆၃​ခု​နှစ်​တွင် ‘‘​သ​မ္မ​တ​လွှဲ​ပြောင်း​ရေး ​အက်​ဥ​ပ​ဒေ-၁၉၆၃’’​ကို ​ပြ ဋ္ဌာန်း​ကျင့်​သုံး​ခဲ့​သည်။ ​ဥ​ပ​ဒေ​လုပ်​ထုံး​လုပ်​နည်း​များ​နှင့်​အ​ညီ ​ချော​မွေ့​စွာ ​အာ​ဏာ​လွှဲ​ပြောင်း​ပေး​ခဲ့​ကြ ​ပါ​သည်။ ​သ​မ္မ​တ​အာ​ဏာ​လွှဲ​ပြောင်း​ရေး ​ဥ​ပ​ဒေ​၏ ​ရည်​ရွယ်​ချက်​သည် ​သ​မ္မ​တ​၏ ​အုပ်​ချုပ်​ရေး ​သက်​တမ်း ​တစ်​ခု​ကုန်​ဆုံး​သွား​သော​အ​ခါ ​အ​သစ်​ရွေး​ချယ်​ခံ​ရ​သော ​သ​မ္မ​တ​၏​အုပ်​ချုပ်​ရေး​အ​ဖွဲ့​အား ​လုပ်​ငန်း​တာ​ဝန် ​နှင့်​လုပ်​ငန်း​များ​လွှဲ​ပြောင်း​ပေး​ရာ​၌ ​လွယ်​ကူ​ချော​မွေ့​အ​ဆင်​ပြေ​စေ​ရေး​ဖြစ်​ပါ​သည်။ ​သ​မ္မ​တ​လွှဲပြောင်း​ရေး​ဥ​ပ​ဒေ​သည် ​မ​လို​လား​အပ်​သော ​ပ​ဋိ​ပက္ခများ​မ​ဖြစ်​ပေါ်​ရေး၊ ​အ​ငြင်း​ပွား​မှု​များ ​လျော့​ကြ​စေ​ရေး​နှင့် ​နိုင်​ငံ​လုံ​ခြုံ​ရေး​နှင့် ​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ထိ​ခိုက်​စေ​ရေး​ကို ​ရည်​ရွယ်​ပါ​သည်။ ​ယင်း​ဥ​ပ​ဒေ​၌ ​နှစ်​ပိုင်း​တွေ့ ရ​ပါ​သည်။ ​လွယ်​ကူ​ချော​မွေ့​စွာ ​တာ​ဝန်​ရပ်​များ​လွှဲ​ပြောင်း​ရေး​နှင့် ​လွှဲ​ပြောင်း​မှု​လုပ် ​ငန်း​စဉ်​များ၊ ​ငွေ​ကြေး ​ဆိုင်​ရာ​ခွင့်​ပြု​ချက်​များ​ဖြစ်​ပါ​သည်။ ​ဥ​ပ​ဒေ​သည် ​ရိုး​ရိုး​ရှင်း​ရှင်း​ပင်​ဖြစ်​ပါ​သည်။ ​အ​မေ​ရိ​ကန်​နိုင်​ငံ​၏ ​သ​မ္မ​တ​အာ​ဏာလွှဲ​ပြောင်း​ရေး​ဥ​ပ​ဒေ ၁၉၆၃​၌ ​ပုဒ်​မ (၅)​ခု​သာ​ပါ​ဝင်​ပါ​သည်။ ​ဥ​ပ​ဒေ​၏ ​ရည်​ရွယ်​ချက် ​သ​မ္မ​တ​နှင့် ​ဒု​သ​မ္မ​တ​တို့​၏ ​လုပ်​ငန်း​တာ​ဝန်​များလွှဲ​ပြောင်း​ပေး​ရာ​၌ ​လွယ်​ကူ ​ချော​မွေ့​ရေး၊ လွှဲ​ပြောင်း​မှု​လုပ်​ငန်း ​စဉ်​များ​ကို ​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​မည့် ​အ​ဖွဲ့​အ​စည်း ​လွှဲ​ပြောင်း ​မှု​၏​ကုန်​ကျ​စ​ရိတ်​ခွင့်​ပြု​ငွေ၊ ​သုံး​စွဲ​ပိုင် ​ခွင့်​လွှဲ​ပြောင်း​မှု ​အ​ထောက်​အ​ပံ့​ဖြစ်​သော ​ရွေး​ကောက်​ပွဲ​အ​ကြို ​ကာ​လ ​နှင့် ​လွှဲ​ပြောင်း​မှု ​လွှဲ​ပြောင်း​ပြီး ​နောက် ​အ​ထောက်​အ​ပံ့​များ၊ ​ဝန်​ဆောင်​မှု၊ ​ရုံး​ခန်း​အ​သုံး ​အ​ဆောင်​ပ​စ္စည်း​က​ရိ​ယာ​နှင့် ​ငွေ​ကြေး​များ၊ လွှဲ​ပြောင်း​ပေး​ရာ​၌ ​နိုင်​ငံ​တော်​လျို့​ဝှက်​ချက်​ဆိုင် ​ရာ​များ​ကိ​စ္စ၊ ​အ​စိုး​ရ​အ​ဖွဲ့​၏ ​ဌာ​န​ဆိုင်​ရာ ​လျှို့​ဝှက်​ကိ​စ္စ ​လုပ်​ငန်း​အ​စီ​ရင်​ခံ​စာ​နှင့် ​ထုတ်​ဖော် ​ပြော​ဆို​ရ​မည့်​ကိ​စ္စ​များ ​ပါ​ဝင်​ပါ​သည်။ လွှဲ​ပြောင်း​မှု ​အ​သုံး​စ​ရိတ်​များ​ကို​လည်း ​အ​ချိန်​အ​ခါ​အ​ရ ၁၉၆၃​ခု​နှစ် ​ဥ​ပ​ဒေ​အ​ရ ​အ​မေ​ရိ​ကန်​ဒေါ်​လာ ၉​ သိန်း​ခွင့်​ပြု​ခဲ့​ရာ​မှ ​ယ​ခု​အ​ခါ ​အ​မေ​ရိ​ကန်​ဒေါ်​လာ ၈.၉၅​သန်း​အ​ထိ ​ခွင့်​ပြု​ခဲ့​ပါ​သည်။ ​ဥ​ပ​ဒေ​ကို​လည်း ​လို​အပ်​သ​လို ​အ​ကြိမ်​ကြိမ် ​ပြင်​ဆင်​ဖြည့် ​စွက်​ခဲ့​ပါ​သည်။ ​မြန်​မာ​နိုင်​ငံ​တွင်​လည်း ​သ​မ္မ​တ​လွှဲ​ပြောင်း​ရေး​ဥ​ပ​ဒေ ​လုပ်​ထုံး​လုပ်​နည်း​များ ​ယ​ခု​အ​ကြိမ်​တွင် ​မ​ပြ​ဋ္ဌာန်း​နိုင်​သေး​သော်​လည်း ​နောင်​တွင်​တိ​တိ​ကျ​ကျ​ပြ​ဋ္ဌာန်း​ရန် ​လို​အပ်​မည်​ဖြစ်​ပါ​သည်။ ​အန်အယ်လ်ဒီပါ​တီ ​သည် ​ရွေး​ကောက်​ပွဲ​တွင် ​အ​ပြတ်​အ​သတ်​အ​နိုင်​ရ​ရှိ​ခဲ့​ခြင်း၊ ​လက်​ရှိ​ ဦး​သိန်း​စိန်​သ​မ္မ​တ​အ​စိုး​ရ​က​လည်း ​အာ​ဏာ​လွှဲ​ပြောင်း​ပေး​ရန်​လို​လား​ခြင်း​တို့​ကြောင့် ​ယ​ခု​အ​ကြိမ်​အာ​ဏာ​လွှဲ​ပြောင်း​ရေး​သည် ​ထီး​လို​မင်း ​လို​ဖြစ်​ကာ ​အ​စဉ်​ချော​မွေ့​မည်​ဟု​ အား​လုံး​က​ယုံ​ကြည်​မျှော်​လင့်​ထား​ကြ​ပါ​သည်။ ​မြန်​မာ ​သ​မိုင်း​မှတ်​တိုင် ​တစ်​ခု​ကို ​နှစ်​ဦး​နှစ်​ဘက်​ လို​လို​လား​လား ​စိုက်​ထူ​ကြ​မည့် ​လက်​ခာ​များ ​တွေ့​နေ​ရ ​ပါ​သည်။ ​သို့​ရာ​တွင် ​နောင်​ပါ​တီ​စုံ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​များ​၌ ​ပါ​တီ​များ ​အ​ကြိတ်​အ​နယ် ​ယှဉ် ​ပြိုင်​ကြ​ရ​သော​အ​ခါ​မျိုး​၌ ​သ​မ္မ​တ​လွှဲ​ပြောင်း​ရေး​ကို ​တိ​ကျ​သော ​ဥ​ပ​ဒေ၊ ​လုပ်​ထုံး​ပြ​ဋ္ဌာန်း​ချက် ​များ​ရှိ​ဖို့ ​အ​မှန်​လို​အပ်​မည်​ဖြစ်​ပါ​သည်။ ​သို့​ဖြစ်​ပါ​၍ ​လာ​မည့်​ဒု​တိ​ယ​အ​ကြိမ် ​လွှတ်တော်​သက်​တမ်း​ကာ​လ​တွင် ​သ​မ္မ​တ​နှင့် ​နိုင်​ငံ ​တော်​အာ​ဏာ​လွှဲ​ပြောင်း​ရေး​ဥ​ပ​ဒေ၊ ​လုပ်​ထုံး​လုပ်​နည်း​များ​ရေး​ဆွဲ​ပြ​ဋ္ဌာန်း​သင့်​ပါ​ကြောင်း.......။ ​ရှေ့​နေ-​မောင်​ကံ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024