မြို့ထဲဝင် ဒိုင်နိုဆော၊ ယာဉ်ထိန်းရဲ ဒဏ်တပ် (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြပွဲအတွက် လုပ်ထားတဲ့ ဒိုင်နိုဆောအရုပ်တွေကို မြို့ထဲ သယ်ဆောင်လာတဲ့အတွက် ယာဉ်ထိန်းရဲက ဒဏ်တပ်လိုက်ပါတယ်။ အရုပ်ထုတ်လုပ်ရေးကုမ္ပဏီဟာ  ဒိုင်နိုဆောအရုပ် ၃ ကောင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က စတူဒီယိုကနေပြပွဲသို့ ဆုခိုဝစ်လမ်းမကြီးပေါ်ကနေ သယ်ဆောင်ရာမှာ ယာဉ်ကြောပိတ်ဆို့မှုတွ ဖြစ်ပွားခဲ့တဲ့အတွက် ဖယားထိုင်းနယ်မြေရဲစခန်းက ယာဉ်စည်း ကမ်းဖောက်ဖျက်မှုနဲ့ အရေးယူခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အရုပ်တွေဟာ အစစ်နဲ့တူအောင်လုပ်ထားတဲ့အတွက် လူတွေက အထူးအဆန်း ဖြစ်ပြီး လိုက်လံကြည့်ရှု၊  ဓာတ်ပုံဗွီဒီယိုတွေ ရိုက်ကြတဲ့အတွက် မြို့တွင်းယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့တာပါ။ အရုပ်ကုမ္ပဏီကတော့ သူတို့အနေနဲ့ အရုပ်ကို ကြော်ငြာတဲ့ သဘောနဲ့  လာတာမဟုတ်ဘဲ စတူဒီယိုကနေပြပွဲကို ရိုးရိုးသယ်ဆောင်သွားတာပါလို့ ရဲစခန်း တာဝန်ရှိသူတွေကို ပြောပါတယ်။ ရဲစခန်းကတော့ ကုမ္ပဏီကို မြို့တွင်းမှာ အသံပြုပြီး ကြော်ငြာမှုနဲ့ ဒဏ်ငွေ ဘတ် ၂၀၀၊ ထိုင်းဘုံသုံးဘာသာမသုံးဘဲ ဒေသသုံးစကားနဲ့ ကြော်ငြာတဲ့အတွက် ဘတ် ၂၀၀၊ ယာဉ် အလျားထက် ပိုရှည်တဲ့ ပစ္စည်းတင်ဆောင်ရာမှ ယာဉ်စည်းကမ်းအရ သတိပေး မီးနီပြခြင်း၊ အလံနီထောင်ထားခြင်းမရှိတဲ့အပြင် ပစ္စည်းကို ဘေးကင်း လုံခြုံအောင် ထုတ်ပိုးခြင်းမရှိတဲ့ အတွက် ဒဏ်ငွေ ဘတ် ၁၀၀၀၊ ကန့်သတ်နေရာမှာ ယာဉ်ရပ်နားတဲ့အတွက် ဒဏ်ငွေဘတ် ၅၀၀ စုစုပေါင်း ဘတ် ၂၄၀၀ ဒဏ်တပ်လိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up