နယူးဇီလန် အလံသစ်ပြောင်းလဲရန် လူထုဆန္ဒခံယူပွဲ ကျင်းပ

ဓာတ်ပုံ - Getty Images
လက်ရှိ နယူးဇီလန်နိုင်ငံအလံကို အလံသစ်ပြောင်းလဲသုံးစွဲဖို့ နောက်ဆုံးအဆင့် လူထုဆန္ဒခံယူပွဲတွေကို မတ် ၃ ရက်နေ့က စတင်ကျင်းပပါတယ်။ လက်ရှိအလံနဲ့ ငွေရောင်ဖန်းရွက် (Fern) ဒီဇိုင်းနဲ့ အလံသစ်တို့ကို စာတိုက်ကနေ မဲပေးရွေးချယ်ကြပြီး မတ် ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ကြရမှာပါ။ ဒီ နယူးဇီလန်အလံသစ် ရွေးချယ်ရေး လုပ်ငန်းစဉ် အကုန်အကျ များလွန်းတာ၊ တချို့အလံဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပြီး နယူးဇီလန် ပြည်သူတွေအကြား အငြင်းပွားစရာတွေလည်း ဖြစ်နေပါတယ်။ လက်ရှိအလံဟာ သြစတြေးလျနိုင်ငံအလံနဲ့ ဆင်တူတယ်၊ ဗြိတိသျှ ယူနီယံ (Union) တံဆိပ်ကို ဖယ်ရှားဖို့ အချိန်တန်ပြီဆိုပြီး လက်ရှိ နယူးဇီလန်ဝန်ကြီးချုပ်က အလံသစ်နဲ့ ပြောင်းလဲအစားထိုးဖို့ ထောက်ခံထားတာပါ။ အလံဒီဇိုင်းသစ်တွေထဲက ဒီ Fern ရွက်နဲ့အလံကို ရွေးချယ်မှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တာပါ။ ဒီတကြိမ်ကျင်းပမှုကတော့ လက်ရှိနယူးဇီလန်အလံ အဟောင်းကိုပဲ ဆက်သုံးမလား၊ အလံသစ်နဲ့ ပြောင်းလဲသုံးမလား ဆိုတာကို မဲပေးရွေးချယ်ကြတာပါ။ လက်ရှိသုံးစွဲနေတဲ့ နယူးဇီလန်အလံကိုတော့ ၁၉၀၂ ခုနှစ်က စတင်သုံးစွဲလာခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up