ကျောင်းသွားကျောင်းပြန် အန္တရာယ်များသည့် ကောင်းကင်ကြိုးခရီးလမ်း (ရုပ်သံ)

နီပေါနိုင်ငံ ဒါအင်းရွာက ကျောင်းသားကျောင်းသူတွေကတော့ ကျောင်းသွားကျောင်းပြန်ရာမှာ အန္တရာယ်များတဲ့ ခရီးလမ်းကို နေ့စဉ် ဖြတ်သန်းနေရပါတယ်။ ကျောင်းကို ရောက်ဖို့အတွက် မြစ်ကို ဖြတ်ကူးကြရပြီး ဒီလို ဖြတ်ကူးရာမှာ အုပ်စုလိုက် ဒါမှမဟုတ်ရင် တဦးစီ ကောင်းကင်ကြိုးနဲ့ ဖြတ်ကူးသွားရောက်ကြရပါတယ်။ ကျောင်းသားတွေတင်မကဘဲ ရွာသားတွေဟာ ဈေးဝယ်ထွက်ဖို့ ဒါမှမဟုတ် သူငယ်ချင်း အပေါင်းအသင်းတွေကို တွေ့ဆုံဖို့ ထရိုင်ဆူလီမြစ် တဘက်ကမ်းကို ကောင်းကင်ကြိုးနဲ့ ဖြတ်သန်းသွားကြရတာ ဖြစ်ပါတယ်။ မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်လေ့ရှိတဲ့အတွက်လည်း တံတားဆောက်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ကောင်းကင်ကြိုးကို အသုံးပြုပြီး သွားရောက်တာဟာ ရွာသားတွေအတွက် တခုတည်းသော ရွေးချယ်မှု ဖြစ်နေပါတယ်။

More News
Up