Tuesday, May 30, 2023
HomeLead Storyရွှေမြန်မာလေယာဉ်ကြောင်းပိုင်လေယာဉ် မီးလောင်

ရွှေမြန်မာလေယာဉ်ကြောင်းပိုင်လေယာဉ် မီးလောင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကနေ ညောင်ဦးကို ထွက်ခွာမယ့် ရွှေမြန်မာ လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ ဒီနေ့မနက် ၆ နာရီခွဲခန့်က ဘီးပေါက်ပြီး လေယာဉ်တာယာမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

လေယာဉ်အတက် ပြေးလမ်းအတွင်းမှာ ဘီးပေါက်ကာ ဘီးပေါက်တဲ့အရှိန်ကြောင့် မီးပွင့်တွေထွက်လာပြီး တာယာကိုလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ လေယာဉ်ခရီးစဉ်ကိုလည်း ယာယီရွေ့ဆိုင်းထား ခဲ့ရပါတယ်လို့ ရွှေမြန်မာ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“လေယာဉ်ကလေ တာယာပေါက်သွားတာ။ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုးသွားမယ့် လေယာဉ်ပါ။ ခရီးသည်တွေတော့ ဘာမှ မဖြစ်ပါဘူး။ ”

RELATED ARTICLES
- Advertisment -
Google search engine

Most Popular