သင့်တော်သည့် ဘောလုံးပွဲလက်မှတ်ဈေးနှုန်းဖြစ်ရန် ဗြိတိန်ဝန်ကြီးချုပ် တောင်းဆို

ဓာတ်ပုံ - ဘီဘီစီ
1K
အင်္ဂလန် ဘောလုံးပွဲလက်မှတ်တွေ ကြီးမြင့်လာတာကို သင့်တော်တဲ့ဈေးနှုန်းတွေ ဖြစ်ဖို့အတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ဆန္ဒရှိနေပါတယ်။
အားကစားဝန်ကြီးချုပ် ကလစ်အက်ဖော့ရဲ့ အဆိုပြုချက်ကြောင့် လက်မှတ်ဈေးနှုန်း မြင့်တက်လာတဲ့ကိစ္စကို ၀န်ကြီးချုပ်က စိစစ်နေတာ ဖြစ်ပါတယ်။
လာမယ့်ရာသီကနေ စပြီး အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေက ပြည်တွင်း ရုပ်သံလိုင်းတွေနဲ့ ၃ နှစ်စာ သဘောတူညီချက် ပေါင် ၅ ဒသမ ၁ ဘီလီယံကို ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံရပ်ခြားက သဘောတူညီချက်တွေနဲ့ ဆိုရင်တော့ ပေါင် ၈ ဘီလီယံအထိ ရှိသွားနိုင်ပါတယ်။
ပရီးမီးယားလိဂ်ထဲကို ငွေတွေ အရင်ကထက် ပိုဝင်လာတာဟာ အလုပ်ကြိုးစားမှုနဲ့ သန်းချီတဲ့ ပရိသတ်တွေရဲ့ ငွေတွေဆိုတာကို မမေ့သင့်သလို ကလပ်တွေက လက်မှတ်ဈေးနှုန်း မူဝါဒကို ပရိသတ်နဲ့ စီးပွားရေးလုပ်ငန်းကို ထိန်းထားနိုင်မယ့် ၀င်ငွေကြားမှာ မျှမျှတတ လုပ်ဆောင်သင့်တယ်လို့ အားကစားဝန်ကြီးထံ ပေးတဲ့စာမှာ ရေးသားထားပါတယ်။
ဘောလုံးပရိသတ်များ ဖက်ဒရေးရှင်းကတော့ ၀န်ကြီးချုပ်ရဲ့ မှတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။
အရင်လကလည်း လက်မှတ်ဈေးနှုန်းတွေ မြှင့်ဖို့ ကြိုးစားနေတဲ့အတွက် လီဗာပူးအသင်း ကစားချိန်မှာ ပရိသတ်တွေ ကွင်းထဲကနေ ထွက်ခွာ ဆန္ဒပြခဲ့ကြပါတယ်။