အိပ်ပျော်ငိုက်မြည်းနေကြသည့် ချစ်စဖွယ် တိရစ္ဆာန်လေးများ (ဓာတ်ပုံ)
DVB
·
March 3, 2016
ခုရက်ပိုင်းအတွင်းမှာ ရာသီဥတု ပူနွေးလာမှုနဲ့အတူ သင့်အနေနဲ့ ငိုက်မြည်းချင်တဲ့ ခံစားချက်မျိုး ဖြစ်လာသလိုပဲ တိရစ္ဆာန်တွေမှာလည်း ထပ်တူညီတဲ့ ခံစားမှုတွေ သက်ရောက်စေပါတယ်။
ဒီဓာတ်ပုံတွေကတော့ ဟောက်သံမြည်အောင် အိပ်ပျော်ငိုက်မြည်းနေကြတဲ့ တိရစ္ဆာန်လေးတွေရဲ့ ရယ်မောပျော်ရွှင်စရာကောင်းတဲ့ လျှပ်တပြက် ရိုက်ချက်လေးတွေကို စီစီတီဗွီသတင်းမှာ စုစည်းဖော်ပြပေးထားတာပါ။
ဒါကြောင့် နောက်တကြိမ် သင့်အနေနဲ့ ငိုက်မြည်းနေခဲ့မယ်ဆိုရင် ဘာမှစိတ်မပူပါနဲ့။ ကြမ်းတမ်းတဲ့ ခြင်္သေ့တွေတောင် သင့်လိုပဲ တရေးတမောအိပ်နေတာမို့ ဆက်သာလုပ်လိုက်ပါ။