Home
မြန်မာသတင်း
ဟင်္သာတ တက္ကသိုလ်အနောက် ချစ်သူလမ်းကြားတွင် လူသေအလောင်းတွေ့ရှိ
DVB
·
March 3, 2016
ဟင်္သာတ တက္ကသိုလ်အနောက်ဖက် ချစ်သူလမ်းကြားဘေး လယ်ကွက်ထဲမှာ လူသေ အလောင်းတလောင်း ဒီနေ့ မနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့က ဟင်္သာတတက္ကသိုလ်အနီး ချစ်သူလမ်းကြားဘေးရှိ လယ်ကွက်ထဲမှာ ခွေးတကောင်တူးနေတာကို ပဲနုတ်သူတွေက တွေ့ရာကနေ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ အုပ်ချုပ်ရေးမှူး၊ ဟင်္သာတအမှတ် ၁ မြို့မ ရဲစခန်းမှတာဝန်ရှိသူတွေ၊ မြို့နယ်ခရိုင်ရဲတပ်ဖွဲ့ဝင်တွေ၊ ဟင်္သာတပြည်သူ့ဆေးရုံ တာဝန်ရှိသူ လက်ထောက်ဆရာဝန်၊ မြို့နယ်တရားသူကြီးနဲ့ နာရေးကူညီမှု အသင်းသားတွေ သွားရောက် တူးဖော်ခဲ့ကြပါတယ်။ သေဆုံးသူ လူလတ်ပိုင်းအရွယ်ရှိ အမျိုးသားဟာ ပါးစပ်မှာ တိတ်ပတ်ထားကာ တင်ပါးဆုံနဲ့ ပေါင်မှာပဲအသားတွေပဲရှိပြီး ကျန်တဲ့အသားတွေ မရှိတော့တာကြောင့် ဒဏ်ရာကို ကြည့်မရတော့ဘူးလို့ ဒီဗွီဘီနယ်ခံသတင်းထောက်က ပြောပါတယ်။ ဟင်္သာတ အမှတ် ၁ မြို့မရဲစခန်းက သေဆုံးသူ ဘယ်သူဆိုတာကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်းဓာတ်ပုံ - ဟင်္သာတသား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024