မြောက်ကိုရီးယားက တာတိုပစ်ကျည်ဖူး အများအပြား ပစ်ခတ်

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ မွန်းဆန်းဂျန်း။ (ဓာတ်ပုံ - ရိုက်တာ)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ဖို့ ခြွင်းချက်မရှိ မဲပေးထောက်ခံအပြီး နာရီပိုင်းအတွင်း မြောက်ကိုရီးယားက  မတ်လ ၃ ရက်နေ့မှာ တာတိုပစ်ကျည်ဖူး အတော်များများကို ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားစစ်တပ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီက ဝမ်ဆန်ဒေသကနေ အရှေ့ပင်လယ်ထဲကို တာတိုပစ်ကျည်ဖူး အတော်များများ ပစ်ခတ်ခဲ့တယ်၊ အဲဒီနောက် တောင်ကိုရီးယားစစ်တပ်က တပ်လှန့်မှုအပြည့် ဆောင်ရွက်ထားပြီး သက်ဆိုင်ရာ လှုပ်ရှားမှုတွေကို စစ်ဆေးနေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ မွန်းဆန်းဂျန်း (MOON SANG-GYUN) က ဆိုးလ်မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ကျည်ဖူးတွေက တာတိုပစ် ဒုံးကျည်တွေလား၊ အမြောက်ဆန်တွေလား ဆိုတာ သိရဖို့ တောင်ကိုရီးယားစစ်တပ်က ကြိုးစားစိစစ် တွက်ချက်နေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up