ကျောက်မဲမြို့ ဂုတ်တွင်းလမ်း ယာဉ်ကြောပိတ်မှု ၂ ရက်ရှိပြီ
DVB
·
March 2, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-လားရှိုး-မန္တလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်ကြားရှိ ဂုတ်တွင်းလမ်းမှာ ကုန်တင်ယာဉ်ကြီး စက်ချွတ်ယွင်းလို့ မတ် ၁ ရက် မနက် ၉ နာရီကနေ ဒီနေ့ညနေပိုင်းအထိ လမ်းပိတ်မှုဖြစ်နေပါတယ်။
မန္တလေးနဲ့ လားရှိုး- မူဆယ်ဘက်ကနေလာတဲ့ ယာဉ်တွေ ဂုတ်တွင်းမှာ ယာဉ်ကြောပိတ်မိနေတာဖြစ်ပြီး ယာဉ်တန်းကြီးဟာ ဂုတ်တွင်းကနေ နောင်ချိုမြို့အထွက် မန္တလေးလမ်းအထိ ပိတ်မိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ လမ်းပိတ်နေတဲ့ ယာဉ်တွေကို ရှင်းလင်းနေကြတယ်လို့ ဆိုပါတယ်။