အိုင်အက်စ် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရတ် ဒု-ဗိုလ်ချုပ်ကြီးတဦး ကျဆုံး

ဓာတ်ပုံ - indiatvnews.com
အီရတ်နိုင်ငံ အနောက်ပိုင်းမှာ အီရတ် ဒုတိယဗိုလ်ချုပ်ကြီးတဦး အိုင်အက်စ် အကြမ်းဖက်တွေရဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွင်း ကျဆုံးသွားတယ်လို့ အီရတ်စစ်တပ်က မတ် ၁ ရက်နေ့က ပြောဆိုပါတယ်။ စစ်သွေးကြွ ၄ ဦးက အီရတ်တပ်ယူနီဖောင်းတွေ ၀တ်ဆင်လာပြီး ဟာဒီတာမြို့နားက တပ်စခန်းတခုထဲ ၀င်ရောက်လာကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ ညပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဒုတိယဗိုလ်ချုပ်ကြီးနဲ့အတူ အီရတ်တပ်ဖွဲ့ဝင် ၈ ဦးလည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အခုတလော အီရတ်စစ်တပ်ကို အဓိက ပစ်မှတ်ထားတဲ့ အိုင်အက်စ် အကြမ်းဖက် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က အီရတ်နိုင်ငံအရှေ့ပိုင်းမှာ ရှီးယားမွတ်စလင် တပ်မှူးကြီးတွေ တက်ရောက်တဲ့ ဈာပနတခုမှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး လူအယောက် ၄၀ သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမဖြစ်ခင် မြို့တော် ဘဂ္ဂဒက်က လုံခြုံရေး စစ်ဆေးရေးဂိတ်တခုမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အီရတ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါသေးတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းကတော့ ဘဂ္ဂဒက်မြို့တော်က ရှီးယားမွတ်စလင်တွေ အများစုနေထိုင်တဲ့ ဆဒါးမြို့ ဈေးတခုမှာလည်း အကြမ်းဖက် ၂ ဦးက ဗုံးခွဲတိုက်ခိုက်လို့ လူအယောက် ၇၀ ကျော် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up