ဆင်တကောင် ဝှေ့ယမ်းတိုက်ခိုက်မှုကြောင့် ယာဉ် ၂၇ စီး ပျက်စီး (ရုပ်သံ)

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာရာလာပြည်နယ်က ပွဲတော်တခုမှာ ဆင်တကောင် ဒေါသတကြီး ဝှေ့ယမ်းတိုက်ခိုက်တဲ့အတွက် ယာဉ် ၂၇ စီး ပျက်စီးသွားပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်က ပူလာပါတာရွာမှာ ကျင်းပတဲ့ ဘာသာရေးပွဲတော်မှာ ဆင် ၅ ကောင်ကို ထည့်သွင်းကျင်းပခဲ့ပါတယ်။ ဒီအထဲမှာ ဆင်တကောင်က ဒေါသတကြီး ပေါက်ကွဲပြီး ရပ်ထားတဲ့ယာဉ်တွေ အထူးသဖြင့် ဆိုင်ကယ်နဲ့ လန်ချားတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဆင်ထိန်း ၂ ဦးက ဆင်ကို ငြိမ်အောင်ထိန်းဖို့ ကြိုးစားပေမယ့် ထိန်းမရ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယတောင်ပိုင်းက ပွဲတော်တွေကျင်းပရာမှာ လူတွေကို ဆွဲဆောင်ဖို့ ဖမ်းထားတဲ့ ဆင်တွေကို ကြိုတင်ငှားရမ်းလေ့ ရှိသလို ဆင်ကြောင့် မတော်တဆမှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ အရင်ကလည်း အိန္ဒိယအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်က ရွာတရွာမှာ ဆင်ရိုင်းတကောင် ၀င်မွှေလို့ အဆောက်အဦ ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up