BRT ဘတ်စ်ကားလိုင်း စီးနင်းသူ များပြားလာ
DVB
·
March 2, 2016
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ BRT ဘတ်စ်ကားလိုင်း လမ်းကြောင်း (၁) အနေနဲ့ စီးနင်းတဲ့ ခရီးသွားပြည်သူများပြားလာတဲ့အတွက် တနေ့ဝင်ငွေဟာ ၄ သိန်းကနေ ၉ သိန်းအထိ ဖြစ်လာတယ်လို့ ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ မောင်အောင်က ပြောပါတယ်။
အဲ့ဒီဘတ်စ်ကားလိုင်းကိုစီးနင်းတဲ့ ခရီးသွားပြည်သူတွေ များပြားလာပေမယ့်လည်း မှတ်တိုင်တွေ က နေရာတိုင်းမှာ မရှိတာတွေ၊ အလုပ်သွားအလုပ်ဆင်းချိန်မှာ ကားစောင့်ရတာတွေရှိတယ်လို့ ခရီးသွားပြည်သူအချို့က အကြံပြုဝေဖန်တာတွေကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ဘတ်စ်ကားစီးနင်းခွင့်ကတ်တွေကို ပရိုမိုးရှင်းကာလအနေနဲ့ တစ်ကတ် ၂ သောင်းကို ကတ်ဖိုးမယူပဲခရီသွားပြည်သူတွေကို ပိုက်ဆံအတိုင်းသာရောင်းချပေးနေပါတယ်။