မရမ်းကုန်းမြို့နယ်တွင် ကိုရီးယားနိုင်ငံသားတဦး ဟိုတယ်ပေါ်မှ ပြုတ်ကျသေဆုံး

12705651_802466349882634_3160028620917545263_nမရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှာ တည်းခိုနေထိုင်တဲ့  နိုင်ငံခြားသားတစ်ဦး ဒီနေ့မနက် ၆ နာရီလောက်က တိုက်ပေါ်မှ ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ ဒီပြုတ်ကျမှုကို  မရမ်းကုန်းမြို့မရဲစခန်းက သွားရောက်စစ်ဆေးတဲ့အခါမှာတော့ ပြုတ်ကျသူ ဟာ အသက် ၃၅ နှစ်အရွယ် ကိုးရီးယားနိုင်ငံသား Mr.KIN HYOGUN ဖြစ်ပြီး ဒီဟိုတယ်မှာ ဇန်န၀ါရီလ ၂၁ ရက်နေ့ကတည်းက လာရောက်တည်းခိုနေထိုင်သူဖြစ်ပြီး သူတည်းခို နေထိုင်တဲ့ အခန်းအတွင်းတွင် သေတမ်းစာတစ်စောင်ရေးသားထားခဲ့တယ်လို့ သိရပါတယ်။ ကိုရီးယားနိုင်ငံသား ပြုတ်ကျသေဆုံးမှုနှင့် ပတ်သက်လို့ မရမ်းကုန်းမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၆)နဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up