အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ပီရူးတွင် မိုးရက်ဆက်ရွာပြီး ရေကြီး (ရုပ်သံ)

5.8K
ပီရူးနိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်တွေမှာ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးရက်ဆက်ရွာသွန်းပြီး ဖေဖော်ဝါရီ ၂၉ ရက်က ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။
အယ်ရီကွာပါ ပြည်နယ်ဒေသခံတွေ လျှပ်စစ်မီး ပြတ်တောက်နေပြီး ဒေသခံ ၃၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ယာယီပြောင်းရွှေ့ နေထိုင်နေကြရပါတယ်။
အခုနှစ် အယ်နီညိုဖြစ်စဉ်ဟာ ၁၅ နှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပြီး လက်ရှိထက်လည်း ပြင်းထန်လာနိုင်သေးတယ်လို့ ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီးက သတိပေးထားပါတယ်။
ပီရူးပြည်သူ ၃ သောင်းကျော် ရေဘေးဒုက္ခ အခက်ကြုံရပြီး တောင်ပေါ်ဒေသတွေမှာ တောင်ပြို၊ မြေပြိုမှုတွေ ဖြစ်ပွားနေလို့ အာဏာပိုင်တွေက သတိပေးချက်ထ ထုတ်ပြန်ထားပါတယ်။
နိုင်ငံအရှေ့တောင်ပိုင်းက ဖူနို (Puno) ပြည်နယ်မှာလည်း ရေလွှမ်းမိုးမှု ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေရပြီး ပြည်နယ်ထဲက အဝေးပြေးလမ်းမတွေ ရေကျော်နေလို့ လုံးဝပြတ်တောက်နေပါတယ်လို့ ပီရူးသတင်းတွေက ဆိုပါတယ်။