ဒဏ်ရာကြောင့် လက်ဆက်စတာကွင်းလယ်လူ ကန်တီ ၂ ပတ်ခန့် နားရမည်

ဓာတ်ပုံ - Richard Calver/REX/Shutterstock
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ လက်ဆက်စတာစီးတီးအသင်း ကွင်းလယ်ကစားသမား ကန်တီဟာ ဒဏ်ရာကြောင့် သီတင်း ၂ ပတ်လောက် ကစားနိုင်မှာ မဟုတ်တော့ပါဘူး။ ကွင်းလယ်ကစားသမား ကန်တီဟာ တကောက်ကြော ဒဏ်ရာကြောင့် လာမယ့် ၂ ပတ် ပွဲစဉ်တွေကို လွဲချော်တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့တပတ်က နော်ဝစ်ခ်ျကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာကြောင့် အသက် ၂၄ နှစ်အရွယ် ကန်တီဟာ မတ် ၁ ရက် ညမှာ ၀က်စ်ဘရွန်းနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်နဲ့ လာမယ့် မတ်လ ၅ ရက် ၀က်ဖို့ဒ်နဲ့ ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။ လက်ဆက်စတာနည်းပြ ရိုင်နရီကတော့ ကန်တီရဲ့ နေရာမှာ ပြင်သစ်ကစားသမား အန်ဒီ ကင်းက တာဝန်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

More News
Up