ဂျကာတာမြို့တော်ရှိ ပြည့်တန်ဆာရပ်ကွက်ကြီးကို အာဏာပိုင်များ ဖြိုဖျက်ရှင်းလင်း (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံတ၀န်း တရားမ၀င် ပြည့်တန်ဆာလုပ်ငန်းတွေကို နှိမ်နင်းဖို့ ကြိုးစားမှုအနေနဲ့ ဂျကာတာမြို့တော်က ပြည့်တန်ဆာရပ်ကွက်ကြီးတခုကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က အင်ဒိုနီးရှား အာဏာပိုင်တွေက ဖြိုဖျက် ရှင်းလင်းခဲ့ကြပါတယ်။ ဒီ ပြည့်တန်ဆာရပ်ကွက်ကြီးဟာ ဂျကာတာမြို့တော်မှာ အကြီးဆုံး ပြည့်တန်ဆာရပ်ကွက်ကြီးဖြစ်ပြီး ပြည့်တန်ဆာနေအိမ် ရာနဲ့ချီ ဖြိုချ ရှင်းလင်းခံရပါတယ်။ နိုင်ငံတ၀န်း ကျန်ရှိနေသေးတဲ့ ပြည့်တန်ဆာရပ်ကွက် ၁၀၀ နီးပါးကိုလည်း လာမယ့် ၂၀၁၉ ခုနှစ် နောက်ဆုံးထားပြီး အားလုံးရှင်းလင်းသွားမယ်လို့ အင်ဒိုနီးရှား အစိုးရက ကြေညာထားပါတယ်။ အစိုးရအရာရှိတဦးကတော့ ဒီပြည့်တန်ဆာရပ်ကွက်နေရာမှာ အများပြည်သူ အပန်းဖြေ ပန်းခြံတခုကို ပြန်ပြီး တည်ဆောက်မယ်လို့ ပြောပါတယ်။ ဒီရပ်ကွက်တွေမှာ လုပ်ကိုင်နေကြတဲ့ ဒေသခံ ၃၀၀၀ ကျော်ကို ဒီနေအိမ်တွေကနေ  ပြောင်းရွှေ့ဖို့ တပတ်အချိန်ပေးခဲ့ပြီး တချို့ကိုတော့ အစိုးရက စီစဉ်ပေးတဲ့ နေအိမ်တွေမှာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ပြည့်တန်ဆာတွေကိုတော့ အစိုးရအစီအစဉ်နဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ စီစဉ်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်း ဖွင့်ပေးခဲ့ပေမယ့် တချို့ကတော့ အလုပ်အကိုင်ရရှိဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င်ပေမယ့် နိုင်ငံတ၀န်း မြို့ကြီးတွေမှာ ရှိကြပါတယ်။ အခုလဆန်းပိုင်းမှာ ဒီပြည့်တန်ဆာရပ်ကွက်အတွင်း အရက်မူးပြီး ဆိုင်ကယ်တိုက်မှုဖြစ်လို့ လူ ၄ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ဂျကာတာမြို့တော် အုပ်ချုပ်ရေးမှူးက ဒီရပ်ကွက်တွေကို ရှင်းလင်းဖယ်ရှားဖို့  ညွန်ကြားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up