သရုပ်ဖော် ပန်းချီဆရာ မောင်မောင်သိုက် ကွယ်လွန်
ရွှေအောင်
·
August 5, 2011
သရုပ်ဖော်ပန်းချီဆရာ မောင်မောင်သိုက် အသက် ၆၆ နှစ်ဟာ ရန်ကုန်မြို့က ရွှေဗဟိုဆေးခန်းမှာ အသည်းကင်ဆာရောဂါနဲ့ ဒီကနေ့ ကွယ်လွန်သွားပါတယ်။
ပန်းချီမောင်မောင်သိုက်ဟာ စာနယ်ဇင်းနဲ့ မေတ္တာဘွဲ့လုံးချင်းဝတ္ထုတွေမှာ သရုပ်ဖော်ပန်းချီတွေကို ကွယ်လွန်ချိန်ထိ ဘဝတလျှောက်လုံး ရေးဆွဲခဲ့သူတဦးဖြစ်ပါတယ်။
အထူးသဖြင့် မိန်မလှတွေ သရုပ်ဖော်ပုံရေးဆွဲတဲ့နေရာမှာ ထူးချွန်ကောင်းမွန်တဲ့ ပန်းချီဆရာတဦးဖြစ်တယ်လို့ အလင်းတန်းဂျာနယ်နဲ့ ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ပြောပါတယ်။
ပန်းချီမောင်မောင်သိုက်ကို ၁၉၄၆ ခုနှစ် မေလ ၁၆ရက် ကြာသပတေးနေ့မှာ အဘ-ပန်းတိမ်ဆရာကြီး ဦးလွင်၊ အမိ ဒေါ်မြညွန့်တို့က ရန်ကုန်မြို့ မှာ မွေးဖွားခဲ့ပြီး မွေးချင်းငါးဦးအနက် အငယ်ဆုံးသားဖြစ်ပါတယ်။
ပန်းချီပညာကို ဖခင်ထံမှရယူပြီး ကိုယ်တိုင်လည်း ပုံတူရေးဆွဲ လေ့ကျင့်ခဲ့သူဖြစ်ပါတယ်။ ပန်းချီကျောင်းတက်ဖူးခြင်း မရှိပါဘူး။
ကွယ်လွန်ချိန်မှာ သားတဦး၊ သမီးတဦး ကျန်ရစ်ပါတယ်။ ဇနီးဖြစ်သူကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက ကွယ်လွန်ခဲ့ပါတယ်။