Home
အနုပညာ
လီယိုနာဒို အော်စကာဆု ရရှိ
DVB
·
February 29, 2016
ဒီနေ့မှာ ကျင်းပပြုလုပ်တဲ့ အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့ရှိ Dolby ဇာတ်ရုံက ၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို လီယိုနာဒို ကတ်ပရီရိုက The Revenant ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အော်စကာဆုရရှိသွားပြီး အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ဘရီးလာဆန်က Room ဇာတ်ကားနဲ့ ဆုရရှိခဲ့ပါတယ်။ ဒါရိုက်တာ Alejandro G. Inarritu က The Revenant ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိသွားပါတယ်။ အကောင်းဆုံးဇာတ်ပို့အမျိုးသားဆုကို မာ့ခ်ရိုင်လန့် က ရှိသွားပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို အယ်လီဆီးရီးယား ဗန်ကန်ဒါက ရှိသွားပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကိုတော့ The Revenant က ရရှိသွားပါတယ်။ Spot Light ဇာတ်ကားကတော့ အကောင်းဆုံးရုပ်ပုံဆုနဲ့ အကောင်းဆုံးမူရင်းဇာတ်ညွှန်းဆု ၂ ခု ပူးတွဲရရှိခဲ့ပါတယ်။ အော်စကာ ဆုအမျိုးအစား ၂၅ မျိုးသတ်မှတ်ပေးအပ်ခဲ့တာဖြစ်ပြီး မှတ်တမ်းရုပ်ရှင်၊ ရုပ်ရှင်ဇာတ်လမ်းတို၊ မိတ်ကပ်၊ ဆံပင်၊ တည်းဖြတ်၊ အင်နီမေးရှင်းရုပ်ရှင်၊ အသံတည်းဖြတ်၊ အသံဖော်စပ် အကောင်းဆုံး စသဖြင့်ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024