မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဖွဲ့စည်း

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union - MPU) ဖွဲ့စည်းဖို့ အဖွဲ့ဝင်တွေရဲ့အမည်စာရင်းတွေကို  တင်သွင်းခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးမှာတော့ တင်ပြခြင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ဖွဲ့စည်းဖို့ အဖွဲ့ဝင်စာရင်းတင်ပြခြင်း၊ အာဆီယံ ပါလီမန်များ ညီလာခံဆိုင်ရာပူးပေါင်းကော်မတီ ( Joint Committee on ASEAN Inter-Parliamentary Assembly) ဖွဲ့စည်းဖို့ အမည်စာရင်း တင်သွင်းခြင်းနဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီ (Joint Committee on Inter-Parliamentary Union) ဖွဲ့စည်းဖို့ အမည်စာရင်း တင်သွင်းခြင်းတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union - MPU) ကိုတော့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ အပါအဝင် တိုင်းနှင့် ပြည်နယ်က လွှတ်တော်ဥက္ကဋ္ဌတွေ စုစုပေါင်း ၁၈ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကိုတော့ သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး အဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းမှာလည်းဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up