Home
မြန်မာသတင်း
ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​ လက်​တွေ့​ ပြဿနာများ​ ရင်ဆိုင်​နေရ
နေသွင်
·
August 5, 2011
မြန်မာပြည် ​ဒေသတချို့​မှာ အစိုး​ရက အ​ကောင်အထည်​ဖော်​နေတဲ့​ ဆင်း​ရဲမွဲ​တေမှု တိုက်ဖျက်​ရေး​ အစီအစဉ်တခုဖြစ်တဲ့​ အ​သေး​စား​ ​ချေး​ငွေ လုပ်ငန်း​မှာ အဂတိ လိုက်စား​မှု​တွေ၊​ စနစ်မကျ မှု​တွေ​ကြောင့်​ ​ရေရှည်မှာ ​အောင်မြင်မှာ မဟုတ်ဘူး​လို့​ ​ဝေဖန် ​နေကြပါတယ်။ စီး​ပွား​ရေး​ပညာရှင် ဦး​ဟန်ထွန်း​ (အခွန်) က အ​သေး​စား​ ​ချေး​ငွေလုပ်ငန်း​ဟာ ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​အတွက် အာမမခံနိုင် ​တော့​ဘူး​လို့​ ဆိုပါတယ်။ “မကြာ​သေး​ဘူး​ဗျာ။ ကျ​နော်တို့​ အာဖရိကမှာ အဲဒီလို ပြဿနာ ကြုံရတယ်။ ကျ​နော်တို့​ microfinancing (အ​သေး​စား​ချေး​ငွေလုပ်ငန်း​) ​ပေါ့​ဗျာ။ ​စော​စောပိုင်း​တုန်း​က​တော့​ ယူနွတ် (Muhammad Yunus) တို့​ ဘာတို့​ ဘင်္ဂလား​ ​ဒေ့​ရှ်က microfinancing လုပ်တဲ့​ Grameen Bank ဘဏ်တို့​ ဆိုတာက ​အောင်မြင်တယ် ဘာညာဆိုပြီး​ သူတို့​ နိုဘယ်လ် ဆု​တွေ​တောင် ​ပေး​တယ်​ပေါ့​ဗျာ။ အခု​တော့​လည်း​ပဲ ​နောက်ပိုင်း​ ပညာရှင်​တွေ သု​တေသန ပြန်လုပ်တဲ့​အခါကျ​တော့​ microfinancing က တကယ်​တော့​ ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​အတွက်ကို အ​ထောက်အကူ မဖြစ်ဘူး​လို့​ ဆိုတဲ့​ အ​ဖြေတခု ထွက်လာတယ်။ ဆင်း​ရဲမွဲ​တွေမှု ​ပျောက်မသွား​နိုင်ဘူး​ပေါ့​ဗျာ။ သူတို့​ ဘာကို အဓိကထား​ပြောလဲဆို​တော့​ လူတိုင်း​ လူတိုင်း​ဟာတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် အ​နေနဲ့​ ​မွေး​ဖွား​လာတဲ့​လူ​တွေ မဟုတ်ဘူး​တဲ့​။ စီး​ပွား​ရေး​လုပ်ငန်း​ လုပ်ငန်း​လုပ်နိုင်စွမ်း​ရှိတဲ့​ လူ​တွေ မဟုတ်ဘူး​ပေါ့​ဗျာ။” လော​လောဆယ် ထုတ်​ချေး​ပေး​နေတဲ့​ အ​သေး​စား​ချေး​ငွေ​တွေမှာလည်း​ ပြဿနာ​တွေရှိ​နေပါတယ်။ ဆင်း​ရဲသား​တွေအတွက် ထုတ်​ချေး​ ​ပေး​နေတဲ့​ ​ချေး​ငွေ​တွေဟာ အမှန်တကယ် လိုအပ်​နေတဲ့​ လူ​တွေလက်ထဲ မ​ရောက်ဘဲ ဖြစ်​နေတယ်လို့​ ​ဝေဖန်ခံ​နေရပါတယ်၊​ ပဲခူး​တိုင်း​၊​ ​ရွှေကျင်​ဒေသခံတဦး​က “နိုင်ငံ​တော်သမ္မတကြီး​ရဲ့​ မဟာကရုဏာ​တော်နဲ့​ သတ်မှတ်လိုက်တဲ့​ ဆင်း​ရဲသား​ ပ​ပျောက်​ရေး​ စီမံကိန်း​ဟာ စပြီး​လို့​ တလမပြည့်​သေး​ဘူး​ မ​အောင်မြင်ဘူး​ဆိုတာ သွား​တွေ့​နေရတယ်။ သက်ဆိုင်ရာ အုပ်ချုပ်​ရေး​တွေ​ခေါ်ပြီး​တော့​ ​ရော့​ မင်း​တို့​တိုက်နယ်အတွက် ​ချေး​ငွေ ဒီ​လောက်ရတယ် ​ချေး​ပေး​လိုက်ဆို​တော့​ အင်မတန်ကို က​ရော်ကမည် နိုင်တယ်” လို့​ ​ပြောပါတယ်။ မြို့​နယ်အဆင့်​က​နေ ​ကျေး​ရွာ​တွေကို ခွဲ​ဝေ​ပေး​တဲ့​ ​ချေး​ငွေ​တွေကို ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​တွေက အလွဲသုံး​စား​ လုပ်တာ​တွေ၊​ အဆင်​ပြေတဲ့​ လူ​တွေကိုပဲ ​ချေး​ပေး​တာ၊​ တဆင့်​အတိုး​ချ စား​တာတဲ့​ အထိရှိ​နေတယ်လို့​ ဆိုကြပါတယ်။ ပြီး​ခဲ့​တဲ့​ ​မေလအတွင်း​က ​နေပြည်​တော် ဆင်း​ရဲမွဲ​တေမှု တိုက်ဖျက်​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ သမ္မတ ဦး​သိန်း​စိန်က ဆင်း​ရဲနွမ်း​ပါး​မှု​လျှော့​ချဖို့​ မြန်မာနိုင်ငံလူဦး​ရေရဲ့​ ၇၀ ရာခိုင်နှုန်း​ ​နေထိုင်တဲ့​ ​ကျေး​လက်ပြည်သူ​တွေဘဝ တိုး​တက်လာဖို့​ လိုတယ်လို့​ ​ပြောကြား​ခဲ့​ပါတယ်။ လူဦး​ရေရဲ့​ ၇၀ ရာခိုင်နှုန်း​မှာ ​ကျေး​လက်လယ်သမား​တွေသာမက၊​ ​မြေယာမဲ့​ လက်လုပ်လက်စား​တွေလည်း​ ပါဝင်​နေပါတယ်။ ပဲခူး​တိုင်း​ မင်း​လှနယ်ခံတဦး​က အစိုး​ရ​ချေး​ငွေ​တွေကို လယ်သမား​တွေ သာမက လက်လုပ်လက်စား​သမား​တွေ အတွက်လည်း​ ​ချေး​ငွေ လိုအပ်​နေတယ်လို့​ ဆိုပါတယ်။ ဒါ​ပေမယ့်​ ​ချေး​ငွေထက် ပိုပြီး​အ​ရေး​ကြီး​တာက အလုပ်အကိုင်ရဖို့​ လို့​ ဆိုပါတယ်။ “ဒီက ၃ ​သောင်း​ထုတ်​ပေး​ရင် ​လော​လောဆယ် ​ချေး​ငှား​စား​ထား​တဲ့​ အ​ကြွေး​လေး​တွေကို နည်း​ရောများ​ရော ဖဲ့​ပေး​ရမယ်။ ​လော​လောဆယ်ဆယ် ဆပ်ပြီး​တော့​ ထား​မယ်။ ဆို​တော့​ ဒီ ၃ ​သောင်း​ကို ပြန်​ပေါ်လာ​အောင်ဆိုတာက မဖြစ်နိုင်ဘူး​။ အရင်း​နှီး​တခုခုကို ​ပေး​တယ်ဆိုတာက တမျိုး​ပေါ့​နော်။ ​ငွေအ​နေနဲ့​က​တော့​ ဒီ​ငွေဟာ အချိန်တန်လို့​ရှိရင် ၂ ကျပ်တိုး​ပဲဖြစ်ဖြစ် ၁ ကျပ်တိုး​ပဲဖြစ်ဖြစ် လနဲ့​ချီပြီး​ တက်လာတဲ့​ အတိုး​ပေါ်မှာ အ​တောင်း​ခံရမှာပဲ။ မ​ပေး​နိုင်လို့​ရှိရင် ဥပ​ဒေအရ ကန့်​သတ်မှု​တွေ ရှိလာလိမ့်​မယ်။” တကယ်​တော့​ ​လော​လောဆယ် အစိုး​ရ ​ချေး​ငွေရတယ်ဆိုတဲ့​ လယ်သမား​တွေ ကိုယ်နှိုက်က အရင်း​နှီး​ မလုံ​လောက်​သေး​တဲ့​ အ​ခြေအ​နေပါ။ မင်း​လှနယ်မှာ ဒီနှစ် ​ရေကြီး​ပြီး​နောက် ​ရေမြှုပ်ပျက်စီး​ကျန်ခဲ့​တဲ့​ လယ်​တွေကို​တောင် ပြန်မစိုက်နိုင်ကြဘူး​လို့​ နယ်ခံ လယ်သမား​တဦး​က ဆိုပါတယ်။ “၂ ဧက ပိုင်တဲ့​လူရှိတယ်၊​ ၃ ဧက ပိုင်တဲ့​လူရှိတယ်၊​ ၅ ဧက ပိုင်တဲ့​လူရှိတယ်၊​ ဧက ၃၀ ပိုင်တဲ့​လူ ရှိတယ်​ပေါ့​။ ဒီလယ်ကွင်း​တခုအတွင်း​မှာ လယ်ပိုင်ဆိုင်မှု အတိုင်း​အတာ မညီမျှဘူး​။ အဲဒီအခါကျ​တော့​ လယ်ဧက များ​များ​ရှိတဲ့​လူက​တော့​ သူက အခံရှိတဲ့​ အတွက်​ကြောင့်​မို့​လို့​ သူက​တော့​ တချို့​ပြုပြင်မှု​တွေ လုပ်ကြတယ်။ တချို့​ ၂ ဧက၊​ ၃ ဧက လယ်သမား​က​တော့​ ပြန်ကို မစိုက်​တော့​ဘူး​။ သူတို့​မှာ အဲဒီဥစ္စာကို ပြန်လိုက် ဖာ​ထေး​နိုင်တဲ့​ ​ငွေအင်အား​ မရှိ​တော့​ဘူး​။” နေပြည်​တော် အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာပဲ သမ္မတဦး​သိန်း​စိန်က တနိုင်ငံလုံး​ရဲ့​ စီး​ပွား​ရေး​တခုလုံး​ ​ပြောင်း​လဲတိုး​တက်ဖို့​အတွက် ​ငွေ​ကြေး​မူ ဝါဒ၊​ ဘဏ္ဍာ​ရေး​မူဝါဒ၊​ ကုန်သွယ်​ရေး​မူဝါဒ၊​ ရင်း​နှီး​မြှုပ်နှံမှု မူဝါဒ​တွေ၊​ လုပ်ထုံး​လုပ်နည်း​တွေကို ပြုပြင်သွား​မယ်လို့​ ​ပြောကြား​သွား​ခဲ့​ပါတယ်။ စီး​ပွား​ရေး​ပညာရှင် ဦး​ဟန်ထွန်း​ (အခွန်) က မြန်မာပြည်မှာ ​မြေယာစနစ် ပြုပြင်​ပြောင်း​လဲဖို့​ လိုအပ်​နေတယ်လို့​ ​ပြောပါတယ်။ “အထူး​သဖြင့်​လိုအပ်​နေတာ ​မြေယာစနစ်ပဲ။ ယ​နေ့​ ​မြေယာစနစ်ကို လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်​ရှိတယ်ဆိုတဲ့​ မူက​နေ၊​ လယ်လုပ်သူ လယ်ပိုင်ခွင့်​ဆိုတဲ့​ မူကို ​ပြောင်း​ရွှေ့​ဖို့​ လိုအပ်တယ်လို့​ ကျ​နော်ထင်တယ်။” ကျေး​လက်ဆင်း​ရဲမွဲ​တေမှုပ​ပျောက်​ရေး​ဟာ ​ကျေး​လက် စိုက်ပျိုး​ရေး​ တိုး​တက်ထွန်း​ကား​ ​အောင်လုပ်ဖို့​ပဲဖြစ်တယ်လို့​ ဆိုပါ တယ်။ ဒါ​ကြောင့်​ ​မြေယာစနစ်​ပြောင်း​လဲလိုက်လို့​ စိုက်ပျိုး​ရေး​စနစ်ထွန်း​ကား​လာရင်၊​ လယ်သမား​တွေ​ရော၊​ စိုက်ပျိုး​ရေး​စနစ်ကို မှီခို​နေတဲ့​ လက်လုပ်လက်စား​တွေပါ ဆင်း​ရဲတွင်း​က ရုန်း​ထွက်နိုင်မယ်လို့​ ဦး​ဟန်ထွန်း​က ဆိုပါတယ်။ ကျွမ်း​ကျင်သူတချို့​က​တော့​ ​ကျေး​လက်ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချဖို့​ဆိုရင် ​ကျေး​လက်လယ်သမား​တွေအတွက် တိုက်ရိုက်အကျိုး​ဖြစ်ထွန်း​စေမယ့်​၊​ စိုက်ပျိုး​ရေး​ပို့​ ကုန်​တွေ ကမ္ဘာ​ဈေး​ကွက်နဲ့​ တိုက်ရိုက် ချိတ်ဆက်ခွင့်​ မရ​အောင်၊​ ကန့်​သတ်ထား​တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​တွေကို အရင်ပြုပြင် ​ပြောင်း​လဲဖို့​ သင့်​တယ်လို့​ ​ထောက်ပြကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024