အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့အနီးမှာ အသက် ၃၅ နှစ်အရွယ်အမျိုးသားတဦးဟာ ဖေ ဖော်ဝါရီလ ၂၇ ရက်နေ့ညမှာ မိသားစုဝင် ၁၄ ဦးကိုသတ်ခဲ့ပြီး ကိုယ်ကိုယ့်ကိုယ် အဆုံးစီရင် ခဲ့တယ်လို့ ရဲတွေကပြောပါတယ်။
ဟက်စ်နင်းအန်ဝါ၀ဲရ်ကာအမည်ရ အဲဒီအမျိုးသားဟာ စာရင်းကိုင်တဦးဖြစ်ပြီး သူ့ ရဲ့ ကလေး ၇ ဦးအပါအ၀င် ဇနီး၊ မိဘနဲ့ ညီမတွေကို သားလှီးဓားနဲ့ လည်ပင်းတွေကို လှီးဖြတ် သတ်ခဲ့ပြီးမှ သူ့ကိုယ်သူအဆုံးစီရင်ခဲ့တာပါ။
သူတို့မိသားစုဟာ မွမ်ဘိုင်းမြို့မှ မိုင် ၂၀ အကွာရှိ သိန်းမြို့မှာ နေထိုင်ကြတာဖြစ်ပြီး အခင်းဖြစ်ပွားတဲ့ ညက မိသားစုဝင်တွေဟာ မိသားစုပျော်ပွဲရွှင်ပွဲတခုကို သွားရောက် ခဲ့ကြပြီးအပြန်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
သူဟာ ဇနီး၊ မိဘနဲ့ ကလေးတွေကို သားလှီးဓားနဲ့ အဆုံးစီရင်ခဲ့ပြီး ညီမ ၄ ယောက်ထဲက ၃ ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်း ပူးတွဲရဲချုပ် အက်ရှုတော့ရှ်ကေ ဒမ်ရဲက ဆိုပါတယ်။
အသက် ၂၁ နှစ်အရွယ် သူ့ရဲ့ညီမတဦးက လွတ်မြောက်ခဲ့ပြီး အော်ဟစ်ငိုယို အကူအညီတောင်းချိန်မှာ အိမ်နီးချင်းတွေက လာရောက်အကူအညီပေးခဲ့ကြရတာပါ။
လက်ရှိမှာတော့ သူဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအကြီးအကျယ်ရထားတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်လို့ မရသေးဘူးလို့ ရဲတွေကပြောပါတယ်။
အိမ်နီးချင်းတဦးက “သူ့ရဲ့ညီမက ပြတင်းပေါက်ကနေ အော်ဟစ်အကူအညီ တောင်းသံကြားလို့ ကျနော်တို့လာခဲ့ကြပါတယ်။ သူ့ကို ပြတင်းတံခါးကို ဖျက်ပြီး အပြင်ထွက်ဖို့ ကူညီပေးခဲ့ကြရတာပါ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အမှုဖြစ်စဉ်ကို မပြောနိုင်သေးပဲ စုံ စမ်းစစ်ဆေးမှုတွေလုပ်နေကြပြီး ဆေးစစ်ချက်အဖြေတွေကို စောင့်နေကြတာပါ။
The Press Trust of India သတင်းအေဂျင်စီကတော့ ဒီအမှုဟာ အိုးအိမ်ပိုင် ဆိုင်မှုဆိုင်ရာ မီးပွားတစဖြစ်နိုင်တယ်လို့ ဆိုပါတယ်။