ဝက်သားများကို ထူးချွန်ဆုအဖြစ်ပေးခဲ့သည့် တရုတ်အလယ်တန်းကျောင်း

တရုတ်နိုင်ငံ၊ ဇီကျန်းခရိုင်၊ ၀မ်လင်းမြို့က အလယ်တန်းကျောင်းတကျောင်းမှာ ထူးချွန်ကျောင်းသားတွေကို ဆုအဖြစ်ဝက်သားတွေကို ပေးခဲ့တယ်လို့ စီစီတီဗွီသတင်း မှာ ဖော်ပြပါတယ်။ နောက်ဆုံးအတန်းမှာ ကြိုးစားခဲ့ကြတဲ့ ကျောင်းသားတွေကို ထုတ်ပိုးထားတဲ့ ၀က် သားတွေကို ထူးချွန်အဖြစ် ချီးမြှင့်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကကျင်းပတဲ့ ကျောင်းဖွင့်ပွဲအခမ်းအနားမှာ ခုလိုပေးခဲ့တာပါ။ ဒီထူးချွန်ဆုကို ၂ ခုသတ်မှတ်ထားပြီး ပထမအဆင့်ထူးချွန်ကျောင်းသားတွေအ နေနဲ့ ၂ ဒဿမ ၅ ကီလိုဂရမ် ရရှိမှာဖြစ်ကာ ဒုတိယအဆင့်ထူးချွန်ကျောင်းသားတွေအ နေနဲ့ ၁ ဒဿမ ၅ ကီလိုဂရမ်ရရှိမယ်လို့ ဆိုပါတယ်။ ခုလိုပေးအပ်ချီးမြှင့်တာဟာ ကျောင်းသားမိဘတွေဆီ သူတို့ရင်သွေးတွေရဲ့ အောင်မြင်မှုကို မျှဝေပေးတာဖြစ်ပြီး ဒါဟာ တတိယအကြိမ်မြောက် ပေးအပ်တာလို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ခုလိုဆန်းသစ်တီထွင်ပြီး ကျောင်းသားတွေကို ချီးမြှောက်လိုက်တာဟာ တရုတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်ပျံ့နှံ့ခဲ့ပြီး အများစုကတော့ ကျောင်းသားတွေရဲ့ မိဘ တွေဘက်ကိုပါ ထည့်သွင်းစဉ်းစားပေးမှုအတွက် ကျောင်းကို ချီးကျူးနေကြတာပါ။ တရုတ်လူမှုကွန်ရက်စာမျက်နှာ ဝေဘိုအသုံးပြုသူတဦးက “ကျောင်းသားမိဘတွေက ငါတို့ကလေး ဒီဝက်သားထူးချွန်ဆုရခဲ့ပြီ” လို့ ဂုဏ်ယူပြီးပြောကြလိမ့်မယ်လို့ ရေး ခဲ့ပါတယ်။ ရီယာအမည်နဲ့ အခြားအသုံးပြုသူတဦးကတော့ “ဒါဟာကောင်းပါတယ်။ ကိုယ့်ရဲ့ ထူးချွန်မှုကို ကိုယ့်မိသားစုကိုလည်းမျှဝေပေးနိုင်လို့ ကောင်းတဲ့ အကြံဉာဏ်ပါပဲ။ ကျမ ငယ်ငယ်တုန်းက ထူးချွန်ဆုတွေဟာ များသောအားဖြင့် ခဲတံတွေ၊ ခဲဖျက်တွေဆိုတော့ တခါတခါဆို သုံးလို့မကုန်အောင်ပဲ ဖြစ်လာတယ်” လို့ ရေးခဲ့တာပါ။ သတင်းဓာတ်ပုံ - စီစီတီဗွီ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up