တိုက်ပွဲဝင် ရုရှားတင့်ကားကို အမေရိကန်ဒုံးဖြင့် ပစ်ခတ်သည့် ရုပ်သံထွက်ပေါ် (ရုပ်သံ)

3.2K
ဆီးရီးယားနိုင်ငံမှာ ရုရှားလုပ် တီ-၉၀ တိုက်ပွဲဝင်တင့်ကားကို အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်တဲ့ TOW ဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။
ဆီးရီးယား အရှေ့မြောက်ပိုင်း အလက်ပိုမြို့အနီးမှာ တောင်ပေါ်က သိမ်းငှက်လို့ အမည်ပေးထားတဲ့ ဆီးရီးယားသူပုန်အဖွဲ့က ရုပ်သံဖိုင်ကို အင်တာနက်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယား သူပုန်တဦးက TOWဒုံးနဲ့ တင့်ကားကို ချိန်ပြီး ပစ်ခတ်နေတာ ရုပ်သံမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒေါ်လာ ၆ သောင်းတန် ဒုံးက တင့်ကားကို ထိမှန်ပေမယ့် ပေါက်ကွဲ ပျက်စီးခဲ့ခြင်းမရှိသလို တင့်ကားမောင်းသမားက ထွက်ပြေးခဲ့တာကို ရုပ်သံမှာတွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒေါ်လာ ၄.၅ သန်းတန် တင်ကားကတော့ ဒုံးကြောင့် စက်ချွတ်ယွင်းသွားသလို ဒီတင့်ကားကို ရုရှား တပ်သားက မောင်းတာလား၊ ဆီးရီးယားအစိုးရဘက်ကလားဆိုတာကိုတော့ ရှင်းရှင်းလင်းမသိရဘူးလို့ ဆိုပါတယ်။
ရုပ်သံဖိုင်ကို ဘယ်တုန်းက ရိုက်ကူးထားတယ်ဆိုတာကိုလည်း မသိရဘူးလို့ ဒေးလီးမေးလ်သတင်းက ရေးပါတယ်။
တကယ်တော့ ဆီးရီးယား ပြည်တွင်း စစ်မှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လက်နက်တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတာကိုတော့ မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။