Thursday, June 8, 2023
HomeLead Storyတိမ်းမှောက်သွားသည့်ကား ပြန်ထောင်ပြီး တခြားကားကို ၀င်တိုက် (ရုပ်သံ)

တိမ်းမှောက်သွားသည့်ကား ပြန်ထောင်ပြီး တခြားကားကို ၀င်တိုက် (ရုပ်သံ)


တရုတ်နိုင်ငံ ဂျန်ဆုခရိုင်မှာ တိမ်းမှောက်သွားတဲ့ ထရပ်ကား တစီးက ပြန်လည် ထောင်လာပြီး တခြားကားတစီးကို ၀င်တိုက်ခဲ့တဲ့ ဖြစ်ရပ်တခု ဖေဖော်ဝါရီ ၂၃ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။

အရှိန်လွန်လာတဲ့ကားက လမ်းဆုံတခုမှာ ထရပ်ကားတစီးကို ၀င်တိုက်ရာက ထရပ်ကားက တပတ်လည် တိမ်းမှောက်သွားခဲ့ပါတယ်။

ဒီနောက် အရှိန်ကြောင့် ထရပ်ကားက ပြန်လည် တည့်မတ်လာပြီးတော့ လမ်းရဲ့ တခြား တဖက်မှာ ရပ်ထားတဲ့ ကားတစီးကို ၀င်တိုက်ခဲ့ပါတယ်။

ထရပ်ကားမောင်းတဲ့ ကားဆရာက မတော်တဆကြောင့် ကျိုးပဲ့သွားသလို တခြားလူတွေကတော့ တစုံတရာ ထိခိုက်မှုမရှိပါဘူး။

ဒီဖြစ်ရပ်ကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားပြီး တရုတ် စီစီတီဗွီသတင်းက ဖော်ပြခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular