သရဲနီနှင့် ကြိုးကြာနီတို့ အားပြိုင်မည့် ယူရိုပါလိဂ်

ယူရိုပါလိဂ်ပြိုင်ပွဲက အသင်း ၁၆ သင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ရာ အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက်က လီဗာပူးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဝေးကွင်း၊ အိမ်ကွင်းပွဲစဉ်တွေကို မတ် ၁၀ နဲ့ ၁၇ ရက်တွေမှာ ကစားမှာ ဖြစ်သလို လီဗာပူးက အိမ်ကွင်းမှာ ပထမပွဲကို လက်ခံ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးနဲ့ မန်ယူတို့ ဥရောပပြိုင်ပွဲမှာ  ပထမဆုံးအကြိမ်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ကတော့ မဲမခွဲခင် ဖေဖော်ဝါရီ ၂၅ ရက်က ဘယ်အသင်းနဲ့တွေ့ချင်သလဲလို့ ၀န်ထမ်းတွေက မေးရာမှာ မန်ယူနဲ့တွေ့ချင်တယ်လို့ ပြောခဲ့ကြောင်း ၀န်ထမ်းတွေကို မေးကြည့်နိုင်တယ်လို့ ပြောပါတယ်။ ပရီးမီးယားလိဂ်က တော့တင်ဟမ်ဟော့စပါးကတော့ ဂျာမနီဘွန်ဒစ်လီဂါက ဒေါ့မွန်နဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။ စပိန်လာလီဂါကအသင်း ၂ သင်း ဖြစ်တဲ့ ဗလင်စီယာနဲ့ အက်သလက်တစ် ဘီဘာအိုတို့လည်း ထိပ်တိုက်တွေ့ကြသလို ဗီလာရီးရဲလ်ကတော့ ဂျာမနီဘွန်ဒစ်လီဂါက ဘိုင်ယန်လေဗာကူဆင်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါက ဆီဗီလာကတော့ ဆွစ်ဇာလန်ကလပ် ဘေဆယ်နဲ့ကစားရမှာ ဖြစ်သလို ယူကရိန်း ရှက်တာဒိုးနပ်စ်ကတော့ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အသင်း ၁၆ သင်းမှာ အီတလီစီးရီးအေက တသင်းဖြစ်တဲ့ လာဇီယိုကတော့ ချက်ကလပ် စပါတာ ပါကေးနဲ့ ကစားရမှာ ဖြစ်ပါတယ်။ တူရကီကလပ် ဖီနာဘာချီကတော့ ပေါ်တူဂီ ကလပ် ဘရာဂါနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင်တော့ ချန်ပီယံလိဂ်ကို ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up