ကန်းဆပ်ပြည်နယ်တွင် သေနတ်သမားပစ်ခတ်၊ ၄ ဦးသေဆုံး

အမေရိကန်နိုင်ငံ ကန်းဆပ်ပြည်နယ် ဟက်စ်တွန်မြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က သေနတ်သမားတဦး ပစ်ခတ်ခဲ့လို့ လူအနည်းဆုံး ၄ ဦး သေဆုံးပါတယ်။ သေနတ်သမားကိုတော့ အာဏာပိုင်တွေက အသေပစ်သတ်ခဲ့တယ်လို့ ဒေသခံ ငြိမ်ဝပ်ပိပြားရေး အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။ သေနတ်သမားက သူအလုပ်လုပ်ရာ မြက်ရိတ်စက် ထုတ်လုပ်တဲ့ အဆောက်အဦထဲကို မဝင်ခင် နေရာ ၃ ခုကို ပစ်ခတ်ခဲ့တယ်လို့ ဟာဗေးမြို့နယ် ငြိမ်ဝပ်ပိပြားရေးအရာရှိ တီဝေါလ်တွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပစ်ခတ်သူဟာ အသက် ၃၈ နှစ်အရွယ် စီးဒရစ်ဖို့ဒ်ဖြစ်ပြီး ပစ်ခတ်ချိန်မှာ ကုန်ကားမောင်းနေတဲ့ အမျိုးသားတဦးရဲ့ ပုခုံးကို ကျည်ဆံထိမှန်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ အဲဒီနောက် excel စက်ရုံထဲကို ဝင်ပြီး ဆက်လက်ပစ်ခတ်ခဲ့တယ်၊ ဒါကြောင့် တခြားလူ အယောက် ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ သေနတ်ဒဏ်ရာနဲ့ လူနာ ၆ ဦး ဆေးရုံရောက်လာတယ်၊ ၅ ဦးက အသည်းအသန် အခြေအနေမှာရှိပြီး ၁ ဦးကတော့ အခြေအနေ အသင့်အတင့်ရှိတယ်လို့ ဒေသခံ ဗီယာ ခရစ်တီ ဆေးရုံ ပြောခွင့်ရက ပြောပါတယ်။ ဝက်စလေ ဆေးကုဌာနက လူနာ ၃ ဦးကို ကုသပေးနေတယ်လို့ ဌာနပြောခွင့်ရက ပြောပါတယ်။ အခင်းဖြစ်ရာနေရာနဲ့ ၃၅ မိုင်အကွာမှာ သီတင်းပတ်တပတ် မပြည့်မီ အချိန်ကပဲ အူဘာ ကားအငှားဝန်ဆောင်မှုက ကားမောင်းသူက သေနတ်နဲ့ လက်သရမ်း ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးလို့ ပြစ်ဒဏ်စီရင်ခံရပါတယ်။ အမေရိကန်နိုင်ငံအတွင်း လူအုပ်ကို ပစ်ခတ်မှုတွေကြောင့် သေနတ်ထိန်းချုပ်ရေးဟာ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားစရာ အရေးကြီးအချက် ဖြစ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up