ဖေ့စ်ဘွတ်ခ်ပေါ်မှ လက်နက်ရောင်းသူ တက္ကသိုလ်ကျောင်းသား ၂ ဦးကို ထိုင်းဖမ်းဆီး

ဓာတ်ပုံ - Pattanapong Hirunard
ထိုင်းနိုင်ငံ ဘန်ကောက်မှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတဆင့် လက်နက်ရောင်းချတဲ့ တက္ကသိုလ်ကျောင်းသား ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးထားတဲ့ ကျောင်းသား ဒန်ရောင်းအောင်ရန်နဲ့ ကျောင်းသူ ပစ်ချအောင် ပေးတနောင့်တို့ ၂ ဦးကို ဖေဖော်ဝါရီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့က ပြသခဲ့တယ်လို့ ထိုင်း ဘန်ကောက်ပို့စ် သတင်းမှာ ရေးပါတယ်။ အမျိုးသမီးတဦးနဲ့ ရည်းစားတို့ သေနတ်ရောင်းချနေတာကို သတင်းပေးတဲ့အတွက် ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီနောက် ကျောင်းသူရဲ့အဆောင်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ သေနတ်ကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျည်ဆန်တွေဟာ ရည်စားထံက ရရှိတာ ဖြစ်သလို နောင့်ချောက်က အိမ်ရာတခုမှာ လက်နက်တွေ ဖောက်သည်တွေကို ရောင်းချတာ ကျောင်းသူက ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောင်းသားကလည်း လာရောက်အဖမ်းခံခဲ့ပြီး ဖေ့စ်ဘွတ်ခ်ကနေ တဆင့် လက်နက်နဲ့ ကျည်ဆန်တွေကို ရောင်းချခဲ့တာလို့ ၀န်ခံခဲ့သလို ရောင်းချတာ ၃ လရှိပြီလို့ ဆိုပါတယ်။ တရားမ၀င် လက်နက်နဲ့ ကျည်ဆန် ကိုင်ဆောင်မှုနဲ့ တရားရင်ဆိုင်နေရသလို ရဲတပ်ဖွဲ့က သူတို့ ၂ ဦးကို ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up