မီလ်နာ၏ဂိုးဖြင့် လီဗာပူး ယူရိုပါလိဂ် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် ပထမအကျော့မှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယအကျော့ အန်ဖီးမှာတော့ မီလ်နာရဲ့ဂိုးနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းက ဂျာမနီ အော့်စ်ဘတ်ကို အနိုင်ရပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။ ပထမပိုင်း ၅ မိနစ်မှာ မီလ်နာရဲ့ တလုံးတည်းသော ပင်နယ်တီနဲ့  လီဗာပူးတို့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာခဲ့သလို ဘွန်ဒစ်လီဂါ အဆင့် ၁၃ မှာ ရပ်တည်နေတဲ့ အော့စ်ဘတ်ကလည်း ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ အဝေးကွင်းမှာ ဂိုးသွင်းယူနိုင်ရင် ဒုတိယအဆင့်တက်ရောက်ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပေမယ့် အော့စ်ဘတ်အသင်းရဲ့ ဂိုးသွင်းချက်တွေကို လီဗာပူးဂိုးသမား ကာကွယ်သွားနိုင်ပါတယ်။ လီဗာပူးနည်းပြ ကလော့ကလည်း ဦးစားပေး လူစာရင်းတွေနဲ့ ပွဲထုတ်ပြီး ဒီပွဲကို ရင်ဆိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

More News
Up