ဖီအိုရင်တီးနားကို အနိုင်ယူပြီး စပါး ယူရိုပါလိဂ် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနားတို့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ရာ စပါးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမအကျော့ အဝေးကွင်းမှာ ၁ ဂိုးစီ သရေကျထားတဲ့အတွက် အိမ်ကွင်း ၀ှိုက်ဟတ်လန်းမှာ စပါးတို့ အားစိုက်ကစားခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ စပါးတိုက်စစ်မှူး ရောဘီကိန်း အက်ဖ်အေဖလား ပြိုင်ပွဲမှာ နှာခေါင်းရိုး ကျိုးသွားတဲ့အတွက် မပါနိုင်ခဲ့ပေမယ့် ဒီပွဲကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီး မရခဲ့ပေမယ့် ရတဲ့အခွင့်အရေးကို အသုံးချ အနိုင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ၂၅ မိနစ်မှာ မန်ဆွန်က စပါးအသင်းအတွက် ဗွေဆော်ဦးဂိုး စတင်သွင်းယူခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ လာမီလာက ၁ ဂိုး ထပ်မံသွင်းယူခဲ့သလို ၈၁ မိနစ်မှာ ဖီအိုရင်တီးနားအသင်း ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အတွက် ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် စပါးအသင်းဟာ ယူရိုပါလိဂ် နောက်တဆင့်ကို တခြား အသင်း ၁၅ သင်းနဲ့အတူ တက်ရောက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up