အဝေးပြေးလမ်းမပေါ် မောင်းနှင်စဉ် အလိုအလျောက် မီးလောင်ကျွမ်းခဲ့သည့် ကုန်တင်ကား (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂွမ်ကျိုးခရိုင်ထဲက အဝေးပြေးလမ်းမပေါ်မှာ ယာဉ်မောင်းတဦးဟာ ကားနောက်ပိုင်း အလိုအလျောက် မီးလောင်ကျွမ်းနေတာကို သတိမမူမိဘဲ မောင်းနှင်ခဲ့ပါတယ်။ သူဟာ ကားနောက်ပိုင်း မီးလောင်ကျွမ်းမှုကြောင့် မီးခိုးတွေ အူထွက်လာချိန်မှာ လမ်းတံတားဂိတ်တခုအနီး ရုတ်တရက် ရပ်ခဲ့ရတာပါ။ ဒေသတွင်း အလုပ်သမားတဦးက အဲဒီဖြစ်ရပ်ကို ရုပ်သံဗွီဒီယိုနဲ့ ရိုက်ယူခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ တနာရီနီးပါး ကြာမြင့်ချိန်မှာ မီးသတ်သမားတွေ ရောက်ရှိလာကြပြီး မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

More News
Up