Sunday, May 28, 2023
HomeLead Storyအရှုံးပေါ်နေသည့် ဂျပန် Sharp ကော်ပိုရေးရှင်း တိုင်ဝမ်ကုမ္ပဏီ၏ ကမ်းလှမ်းမှုကို လက်ခံ

အရှုံးပေါ်နေသည့် ဂျပန် Sharp ကော်ပိုရေးရှင်း တိုင်ဝမ်ကုမ္ပဏီ၏ ကမ်းလှမ်းမှုကို လက်ခံ

အရှုံးပေါ်နေတဲ့ ဂျပန် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သူ Sharp ကော်ပိုရေးရှင်းဟာ တိုင်ဝမ်ပိုင် ဖောက်စ်ကွန်း နည်းပညာအုပ်စုရဲ့ အောက်က ဟွန်ဟိုင် ကုမ္ပဏီရဲ့ ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံတန် ကမ်းလှမ်းမှုကို လက်ခံဖို့ ဖေဖော်ဝါရီ ၂၅ ရက် မနက်က ဆုံးဖြတ်လိုက်ပါတယ်။

Sharp ကော်ပိုရေးရှင်းရဲ့ ၂ ရက်ကြာ ဘုတ်အဖွဲ့အစည်းအဝေးကို အိုဆာကာမြို့မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်ဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂျပန်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ရန်ပုံငွေကို Sharp က ပယ်ချခဲ့တာပါ။

Sharp ကော်ပိုရေးရှင်းကို ဟွန်ဟိုင်က လွှဲယူဖို့ ပထမအကြိမ် အရစ်ကျ ပေးချေမှုအနေနဲ့ ဂျပန်ယန်းငွေ ဘီလီယံ ၁၀၀ ပေးဖို့ ကတိပြုခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။

electronic gadgets တွေကို ကန်ထရိုက်စနစ်နဲ့ လုပ်ပေးနေတဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ဟွန်ဟိုင်ဟာ Sharp ကော်ပိုရေးရှင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး Sharp က မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular