Sunday, May 28, 2023
HomeLead Storyအွန်လိုင်းဗီဒီယိုဂိမ်းနိုင်သဖြင့် ရုရှားအပျော်မယ်တဦးနှင့် ဟိုတယ်တွင် တလနေခွင့်ရသည့် ကျောင်းသား

အွန်လိုင်းဗီဒီယိုဂိမ်းနိုင်သဖြင့် ရုရှားအပျော်မယ်တဦးနှင့် ဟိုတယ်တွင် တလနေခွင့်ရသည့် ကျောင်းသား

ရုရှားနိုင်ငံမှ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတဦးဟာ အွန်လိုင်းဗွီဒီယိုဂိမ်း တခုမှာ အနိုင်ရရှိခဲ့တဲ့အတွက် အပျော်မယ်တဦးနဲ့အတူ ဟိုတယ်မှာ တလတာနေထိုင် ခွင့်ရရှိခဲ့တယ်လို့ ဒီဂျစ်တယ်စပိုင်သတင်းမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖော်ပြပါတယ်။

ရူစလန်းရှဒင်းအမည်ရ အဲဒီကျောင်းသားဟာ ရုရှားနိုင်ငံမြို့တော် မော်စကိုမှဖြစ်ပြီး ခုလိုအနိုင်ရရှိတဲ့အတွက် စိတ်လှုပ်ရှားပျော်ရွှင်နေပေမယ့် သူ့ရဲ့မိခင်ဖြစ်သူနဲ့ အစ်မ ကတော့ သဘောမကျကြဘူးလို့ ဆိုပါတယ်။

ရုရှားနာမည်ကြီးအပျော်မယ် အီကာထရီနာ မက်ကရိုဗာက ဆုအဖြစ်သူနဲ့အတူ နေထိုင်ခွင့် ရရှိမယ့် အွန်လိုင်းဗွီဒီယိုဂိမ်းမှာ ရူစလင်းရှဒင်းဟာ ၁ သိန်းမြောက်ဝင် ရောက်လာသူဖြစ်ပြီး ဆုရရှိခဲ့တာလို့ ထုတ်ပြန်ကြေငြာခဲ့တာပါ။

“သူကကိုကြည့်ရတာ အရမ်းကြည့်ကောင်းပါတယ်။ ကျနော်တို့ တွေ့ရမယ့်အချိန် ကို စောင့်မျှော်နေပါတယ်။ ကျနော့်ရင်ထဲမှာ ဆူပွက်နေတယ်”လို့ ရူစလင်းရှဒင်းက ခုသီ တင်းပါတ်အတွင်းက ရုရှားမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

မက်ကရိုဗာက သူနဲ့တလတာအတူနေထိုင်ချိန်မှာ အလည်အပတ်သွားတာတွေ၊ ရုပ်ရှင်ကြည့်တာတွေ၊ ညစာအတူစားတာတွေပါဝင်မှာဖြစ်ပြီး လိင်ဆက်ဆံခြင်းကတော့ ဒီတွေ့ဆုံမှုရဲ့ မရှိမဖြစ်အစိတ်အပိုင်းတခုမဟုတ်ဘူးလို့ ပြောပါတယ်။

“တကယ်လို့ အဲဒီလိုဖြစ်ခဲ့ရင်တောင် သူ့အပေါ်မှာ မူတည်ပါတယ်။ အတွေ့အကြုံ မရှိသေးတဲ့ ဒီလိုကောင်လေးတွေက သာမန်အားဖြင့် သူတို့ထက်အတွေ့အကြုံနုတဲ့ အ ဖ်ာနဲ့ တွေ့ချင်ကြတာပါ။ အနည်းဆုံးတော့ ကျမတို့မိတ်ဆွေဖြစ်ခွင့်တော့ရမှာပေါ့”

ရူစလန်းရှဒင်းရဲ့ မိခင်ဖြစ်သူကတော့ “ကျမကတော့ လုံးဝသဘောမတူပါဘူး။ သူ့မှာ စာမေးပွဲတွေရှိတယ်”လို့ ဆန့်ကျင်ပါတယ်။

အသက် ၁၇ နှစ်အရွယ် အစ်မဖြစ်သူကလည်း ဒီကိစ္စအတွက် စိတ်ပူနေပြီး “ဒါ ဟာ သူ့အတွက်ကောင်းတယ်လို့ ကျမမထင်ပါဘူး။ သူနှစ်သက်တဲ့ မိန်းကလေးကို သူ ရှာနိုင်သား ပဲ”လို့ ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular