ကားကို ချိုဖြင့်ဆောင့်သည့် ကြံ့ (ရုပ်သံ)

3.7K
နမီးဘီးယားက အိတိုရှာ အမျိုးသား တိရစ္ဆာန်ဥယျာဉ်တခုမှာ ဧည့်သည်တွေကို တင်ဆောင်လာတဲ့ ကားတစီးကို ကြံ့တကောင်က ဦးချိုနဲ့ ပြေးဆောင့်ခဲ့ပါတယ်။
ကြံ့က ဥယျာဉ်ထဲမှာ လမ်းလျှောက်နေရာကနေ ရုတ်တရက် ကားကို ၂ ကြိမ်တိုင်တိုင် ၀င့်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ကားပေါ်မှာ ပါလာတဲ့သူတွေကတော့ တစုံတရာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။
တစုံတရာ အန္တရာယ်ပြုမယ်လို့ တွက်ဆမိတဲ့အတွက် ကားကို ကြံ့က တိုက်ခိုက်ခဲ့တာ ဖြစ်သလို ဒီလို တိုက်ခိုက်တဲ့အတွက် စိုးရိမ်မိတယ်လို့ ကားပေါ်မှာ လိုက်ပါလာပြီး ဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ အလက်ဇန္ဒားက ပြောပါတယ်။
ကြံ့က တနာရီကို ၅၅ ကီလိုမီတာအထိ ပြေးနိုင်တယ်လို့ ဆိုပါတယ်။