စပိန်နှင့် မော်ရိုကိုနိုင်ငံတွင် အစ္စလာမ္မစ် စစ်သွေးကြွ ၄ ဦးကို ဖမ်းဆီး (ရုပ်သံ)

စပိန်နဲ့ မော်ရိုကိုနိုင်ငံ အာဏာပိုင်တွေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံက တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းဖို့ ဒါမှမဟုတ် အမိမြေမှာတင် တိုက်ခိုက်မှုတွေ ဆောင်ရွက်ဖို့ လူစုတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေလို့ သံသယရှိသူ ၄ ဦးကို ဖမ်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောပါတယ်။ စပိန်နိုင်ငံသား ၃ ဦးကို မြောက်အာဖရိကက စပိန်နယ်မြေပေါ်မှာ ဖမ်းခဲ့တာဖြစ်ပြီး မော်ရိုကိုနိုင်ငံသား တဦးကိုတော့ မော်ရိုကိုနိုင်ငံ နာဒေါမြို့မှာ ဖမ်းခဲ့တာပါ။ ဒါဟာ ၂ နိုင်ငံကြား ပူးတွဲစစ်ဆင်ရေးရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီအမှုအပါအဝင် စပိန်ဟာ ဒီနှစ်အတွင်း အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပတ်သက်မှု သံသယနဲ့ လူပေါင်း ၁၂ ဦးကို ဖမ်းခဲ့ပြီးပါပြီ။ ၂၀၁၅ ခုနှစ်မှာတော့ အိုင်အက်စ်နဲ့ ဆက်သွယ်တယ်လို့ သံသယရှိတဲ့ လူ ၁၀၂ ဦးကို ဖမ်းခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီက တိုက်ခိုက်မှုတွေအပြီး ရဲတွေက လုံခြုံရေး လုပ်ဆောင်ချက်တွေကို တိုးမြှင့်ထားခဲ့ပါတယ်။ ကာဒစ်စတန် အလုပ်သမားပါတီ (ပီကေကေ) နဲ့ ဆက်သွယ်မှုကြောင့် ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်ဖြစ်မှု၊ ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ လူ ၉ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up