ခရီးသည် ၂၁ ဦး စီးနင်းလိုက်ပါလာသည့် နီပေါလေယာဉ်ပျောက်ဆုံး

1.2K
အနည်းဆုံး ခရီးသည် ၂၁ ဦး စီးနင်းလိုက်ပါလာတဲ့ လေယာဉ်တစီး နီပေါနိုင်ငံ အနောက်ပိုင်းမှာ ဒီနေ့ မနက်ပိုင်းက ပျောက်ဆုံးသွားပါတယ်။
တာရာအဲဝေးရဲ့ တွင်းအိုတာ လေယာဉ်က ပိုဟာရာကနေ ဂျွန်ဆွန်ကို ပျံသန်းလာတာ ဖြစ်ပြီး လေယာဉ်ထိန်းချုပ် မျှော်စင်နဲ့ အဆက်အသွယ် ပျောက်ဆုံးသွားတယ်လို့ နီပေါတာဝန်ရှိသူ တွေက ပြောပါတယ်။
ရဟတ်ယာဉ်နဲ့ ရှာဖွေမှုတွေ လုပ်ဆောင်နေပေမယ့် ဆိုးဝါးတဲ့ ရာသီဥတုက အခက်အခဲ ဖြစ်စေတယ်လို့ ဆိုပါတယ်။
နီပေါလေကြောင်းလိုင်းတွေရဲ့ လုံခြုံရေးမှတ်တမ်းက ဆိုးဆိုးဝါးဝါးရှိခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ်မှာ ဥရောပသမဂ္ဂက နီပေါလေယာဉ်တွေကို သူတို့ နိုင်ငံကို ပြေးဆွဲခွင့် ပိတ်ပင်ထား ပါတယ်။
၁၉၄၉ ခုနှစ်နောက်ပိုင်း နီပေါမှာ လေယာဉ်နဲ့ ရဟတ်ယာဉ် ပျက်ကျမှုပေါင်း ၇၀ ကျော်ရှိခဲ့ပြီး လူ ၇၀၀ ကျော်သေဆုံးခဲ့ပါတယ်။