အွန်လိုင်းပေါ် ရေပန်းစားလာသည့် ရဲမေမိန်းမချော (ဓာတ်ပုံ)

အသက် ၂၃ နှစ်အရွယ် အန်နီဆာဇန်နီဟာ အယ်လ်ဘေးနီးယားနိုင်ငံသူ တဦးဖြစ်ပြီး ရဲမေအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းသူတဦးပါ။ ခုရက်ပိုင်းအတွင်းမှာတော့ အွန်လိုင်းပေါ်မှတဆင့် မျှဝေခဲ့တဲ့ သူ့ရဲ့ အလှဓာတ်ပုံတွေကြောင့် ပရိသတ်အားပေးမှုရရှိပြီး ရေပန်းစားလာခဲ့တယ်လို့ မေရာသတင်းမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ သူ့ရဲ့အလှအပနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ လူကြိုက်များ ရေပန်းစားနေပေမယ့် သူကတော့ အလှအပဆိုတာ ဘုရားပေးတဲ့ လက်ဆောင်တခုသာဖြစ်ပြီး သူ့ရဲ့အလုပ်ဖြစ်တဲ့ ရာဇ၀တ်ပြစ်မှု စုံစမ်းဖော်ထုတ်ရေးကိုပဲ အရေးပေး လုပ်ဆောင်သွားမယ်လို့ ပြောလိုက်တာပါ။ “ကျမ ဒီနေရာမှာရှိနေတာ အလှပြဖို့ မဟုတ်ပါဘူး။ အလုပ်ထဲမှာ ကျမကို ချီးကျူးခံရမယ်ဆိုရင် ဒါတွေအားလုံးကို ကျမ လျစ်လျူရှုနိုင်ပါလိမ့်မယ်။ သိသာထင်ရှားတဲ့ လှပမှုဆိုတာ ဘုရားပေးတဲ့ လက်ဆောင်တခု ဖြစ်ရုံကလွဲလို့ ရဲအရာရှိတယောက်အတွက်တော့ ဘာမှ အသုံးမ၀င်ပါဘူး” လို့ အန်နီဆာက ပြောပါတယ်။ သူဟာ အယ်လ်ဘေးနီးယားတောင်ပိုင်း ဂီယိုကက်စတာမြို့မှဖြစ်ပြီး ရဲမေတဦးအဖြစ် လုပ်ကိုင်နေခဲ့တာ ၄ နှစ်လောက် ရှိနေပါပြီ။ လက်ရှိအချိန်မှာတော့ သူ့ရဲ့အလှအပကြောင့် အယ်လ်ဘေးနီးယားနိုင်ငံရဲ့ အလှပဆုံး အမျိုးသမီးတွေထဲက တဦးအဖြစ် ပရိသတ်တွေက မဲပေး ရွေးချယ်ထားကြတာပါ။ အန်နီဆာကတော့ ဒါတွေဟာ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေရုံကလွဲလို့ ဘာမှ အကျိုးမဖြစ်စေဘူးလို့ ပြောပါတယ်။ သူ့ရဲ့ တာဝန်ကျလုပ်ငန်းတွေထဲမှာ အယ်လ်ဘေးနီးယား မူးယစ်ကျေးရွာတရွာဖြစ်တဲ့ လာဇရက်ကျေးရွာမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းလည်း ပါဝင်နေတာပါ။ ဆေးရွက်ကြီး အဓိကရောင်းဝယ် ဖောက်ကားရာ နေရာတခုဖြစ်တဲ့ အဲဒီနေရာမှာ မာဖီးယားဂိုဏ်းသားတွေနဲ့ ပြစ်မှုကျူးလွန်သူတွေ ဒါဇင်နဲ့ချီ နှိမ်နင်းရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တာပါ။ တချိန်မှာတော့ အန်နီဆာဟာ သေနတ်နဲ့ လက်ပစ်ဗုံးတွေ နှိမ်နင်းရှာဖွေရေးလုပ်ငန်း လုပ်ဆောင်မှုမှာ ပါဝင်ခဲ့တဲ့အတွက် ရာထူးတိုးမြှင့်ပေးခြင်း ခံခဲ့ရပါသေးတယ်။ ဓာတ်ပုံ - စီအီးအန်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up