အာရှ-ပစိဖိတ် လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ ဆွေးနွေးပွဲ မြန်မာနိုင်ငံ၌ လက်ခံကျင်းပ
DVB
·
February 23, 2016
အာရှ-ပစိဖိတ် လိင်နှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ MICC 2 ခန်းမဆောင်မှာ စတင် ကျင်းပနေပါတယ်။
ဒီပွဲကို မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။
ဒီပွဲကို ၄ ရက်တာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပထမဆုံးနေ့မှာတော့ လူငယ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမှာဖြစ်ပြီး ကျန်တဲ့ ၃ ရက်မှာတော့ လိင်နှင့် မျိုးဆက်ပွား ကျန်းမာရေးနဲ့ အခွင့်အရေးတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။